July 29, 2013

Monday, July 29, 2013

နယူးဒေလီ  ဇူလိုင်  ၂၆

အိန္ဒိယနိုင်ငံ ရာဂျက်စတန်ပြည်နယ် ဂျာအီပူမြို့ရှိ J.K.Lone ဆေးရုံတွင် ဇူလိုင် ၂၄ ရက်က ဦးခေါင်း နှစ်လုံးပါ ယောက်ျား လေးတစ်ဦးအား မွေးဖွားခဲ့ပြီး ၎င်းကလေးငယ်တွင်

အာရုံကြော ဖွဲ့စည်းမှု စနစ်နှစ်ခုနှင့် တင်ပါးဆုံရိုးနှင့် ချိတ်ဆက်ထားသော သီးခြား ကျောရိုးနှစ်ခုကိုလည်း ဆရာဝန်များက အံ့သြဖွယ်ရာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆရာဝန်များသည်
၎င်းကလေးငယ်၌ အခြားဆက်သွယ်ထား သော အင်္ဂါအစိတ်အပိုင်းများ ရှိ၊ မရှိကို ယခုအခါ စမ်းသပ်လျက်ရှိပြီး ၎င်းကလေးအား အရေးပေါ် အခြေအနေမှ ကယ်ဆယ်နိုင်စေရန် အတွက် ကြိုးပမ်း ကုသလျက်ရှိကြောင်း သိရသည်။

Credit: မြ၀တီ

0 comments:

Post a Comment