August 29, 2013

Thursday, August 29, 2013





ဗီယက်နမ် အစိုးရပိုင် သတင်းဌာနများတွင် ဖော်ပြထားသည့် အဆိုပါသတင်းအရ ဗီယက်နမ်နိုင်ငံမှ ပုဂ္ဂိလက လေကြောင်းလိုင်း တစ်ခုဖြစ်သည့် VietJet အား ဗီယက်နမ် လေကြာင်းပို့ဆောင်ရေး ဦးစီးဌာနက လေယာဉ်ခရီးစဉ်အတွင်း မော်ဒယ်များအား မဖွယ်မရာ ဖျော်ဖြေစေခဲ့သဖြင့် ဖြစ်သည်ဟု သိရှိရသည်။
YouTube ပေါ်၌ နာမည်ကျော်သွားသည့် ဗီဒီယိုအရမူ လေယာဉ်မယ်များအား အပေါ်ပိုင်းအကျီင်္မပါ ဘီကနီများသာ ဝတ်ဆင်စေပြီး သီချင်းတေးသွားနှင့်အတူ ခရီးသည်များအား ဖျော်ဖြေစေခဲ့ခြင်းဖြစ်သည်။
ဗီဒီယိုအရ လေကြောင်းလိုင်းအနေဖြင့် ယင်းတို့၏ ခရီးသည်များအတွက် ဖျော်ဖြေရေး အစီအစဉ်အဖြစ် ယခုကဲ့သို့ ပြုလုပ်ခဲ့ဟန်တူပြီး ခရီးသည်များ၊ အထူးသဖြင့် အမျိုးသားများ ခရီးသည်များ အထူးအကြိုက်တွေ့ပြီး ဓာတ်ပုံများ အလုအယက် ရိုက်ကူးခဲ့ကြသည်။
VietJet အား ဗီယက်နမ် လေကြာင်းပို့ဆောင်ရေး ဦးစီးဌာနက ယခုဖြစ်ရပ်အတွက် ခွင့်ပြုချက် ကြိုတင်ရယူခြင်း မရှိဟုဆိုကာ ဗီယက်နမ်ဒေါင် သန်း ၂၀ (အမေရိကန် ဒေါ်လာ ၉၆၀) အား ဒဏ်ငွေအဖြစ် တပ်ရိုက်ခဲ့သည်။
VietJet ၏ အဆိုအရမူ ယင်းတို့အနေဖြင့် မည်သည့် လုံခြုံရေးဆိုင်ရာ စည်းကမ်းချက်များကိုမှ ဖောက်ဖျက်ခြင်းမရှိဟု ဆိုခဲ့သည်။
VietJet သည် ဈေးနှုန်းသက်သာ လေကြောင်းလိုင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ ဒီဇင်လာ ၂၅ ရက်နေ့တွင်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၌ Airbus A320-200 လေယာဉ် ၃ စင်းဖြင့် ပြေးဆွဲလျက်ရှိသည်။
 
Shwe Lone

0 comments:

Post a Comment