August 28, 2013

Wednesday, August 28, 2013

အောင်မြင်ကျော်ကြားမှုသည် ဘဝတွင် အထီးကျန် ရပ်ဝန်း တစ်ခုကို ဖြစ်တည်စေကြောင်း ရောဘတ် ပက်တင်ဆန်က ဖွင့်ဟခဲ့သည်။ အသက်(၂၇)နှစ် ရှိပြီဖြစ်သော ဗြိတိသျှ ရုပ်ရှင်မင်းသားသည် Twilight ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ပြီး ကမ္ဘာသိ အနုပညာ ကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ၎င်းသည် ပရိသတ် အခိုင်အမာ ရရှိလာခဲ့သလို Twilight ဇာတ်ကားမှ တွဲဖက်သရုပ်ဆောင် မင်းသမီး ခရစ္စတန် စတီးဝပ်နှင့်လည်း ချစ်သူများ ဖြစ်လာသည်။ နောက်ပိုင်းတွင်မူ ခရစ္စတန်၏ လူမှုရေး အရှုပ်အထွေးများကြောင့် နှစ်ဦးသား လမ်းခွဲဖြစ်ခဲ့သည်။ စပိန်ထုတ် GQ မဂ္ဂဇင်းက ရောဘတ်၏ ဘဝတွင် အောင်မြင်မှုများကို မည်သို့ သဘောထားကြောင်း မေးမြန်းရာ ၎င်းက အထီးကျန်ကြောင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment