August 26, 2013

Monday, August 26, 2013
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မီးရထား ဘူတာရုံဝင်ပေါက်မှာ Super Hero ၀တ်စုံကို ၀တ်ဆင်ထားသူတစ်ဦးဟာ  မိခင်နဲ့ ကလေးငယ်တွေကို
ကူညီပေးလျက်ရှိတယ်လို့ သိရပါတယ်။ အသက် ၂၇နှစ်အရွယ်ရှိတဲ့ အဲ့ဒီအမျိုးသားဟာ စူပါဟီးရိုး ၀တ်စုံကို ၀တ်ဆင်ကာ တနင်္လာနေ့မှ စနေနေ့အထိ ဘူတာရုံမှာ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

ဘူတာရုံအနီးက ကုန်စုံဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အဲ့ဒီအမျိုးသားဟာ ဘူတာရုံအတွင်းသို့ ၀င်ရောက်ရာမှာ မိခင်နဲ့ ကလေးငယ်တွေအတွက် အခက်အခဲဖြစ်စေတာကို ကြားသိရတဲ့အတွက် အခုလိုကူညီတာ ဖြစ်တယ်လို့ သိရပါတယ်။ အစပိုင်းမှာတော့ ၎င်းကိုလူထူးဆန်းအဖြစ် သံသယ ၀င်နေပေမယ့် အခုဆိုရင်တော့ အဲ့ဒီအမျိုးသားဟာ မိခင်တွေအကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအမျိုးသားက ၎င်းရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ပေးထားဖို့ သတင်းဌာနတွေကို တောင်းဆိုထားကြောင်း သိရပါတယ်။


0 comments:

Post a Comment