August 24, 2013

Saturday, August 24, 2013

အင်္ဂလန် ဘောလုံးလိဂ်နည်းပြ တစ်ဦးသည် ကားအက်ဆီးဒင့်ကြောင့် Coma ဖြစ်ကာ မေ့မျောနေ ခဲ့ရသော်လည်း ၎င်း၏အသင်း နိုင်ပွဲရသည့်သတင်း ကြောင့် မေ့မျောနေရာမှ မျက် လုံးများပြန်ပွင့်ကာ သတိပြန်လည် လာခဲ့သည့်ဖြစ်ရပ် ထူးထူးခြားခြား ဖြစ်ခဲ့ကြောင်း သိရသည်။

လက်ခ်ဟေးလ်အက်သလက် တစ်အသင်းအား ဒုတိယရာသီ မြောက်ကိုင်တွယ်နေသူ အသက် ၃၃နှစ်အရွယ်ရှိ Wayne Thorne သည် ကားအက်ဆီးဒင့်ကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာရခဲ့ သည့်အရှိန်ကြောင့် မေ့မျောခဲ့ရ သလို သွေးလွှတ်ကြောများပေါက် ပြဲခြင်းနှင့် နံရိုး ၁၆ချောင်းကျိုး သည်အထိ ဆိုးရွားသောဒဏ်ရာ များရခဲ့သည်။ ယင်းဒဏ်ရာများ ကြောင့်ပင် သတိပြန်လည်ရန်မှာ မလွယ်ကူဟု ဆရာဝန်များက ယူဆခဲ့ကြသည်။

Wayne Thorne ၏ဇနီးသည်က ဘရစ်ဒ်ပေါ့တွင် ၄-၃ဂိုးဖြင့် ၎င်းတို့အသင်းအနိုင် ရသည့်သတင်းနှင့် အသင်းအတွက် ဂက်ဇ်နှင့် လိုင်နိုတို့က ဂိုးများသွင်း ပေးခဲ့သည်ဟု ပြောခဲ့ပြီးနောက် ဝိန်း၏မျက်လုံးများ ပွင့်လာခဲ့ ကြောင်း သိရသည်။

လက်ခ်ဟေးလ်အသင်း ဥက္ကဋ္ဌ ပေါလ်ရန်ကင်းက''ဝိန်းရဲ့ ဘောလုံးချစ်စိတ်က သူ့ဘဝရဲ့ အဓိက အစိတ်အပိုင်းတစ်ခုပါ။ ဘရစ်ဒ်ပေါ့မှာ သွားကစားရတဲ့ ပွဲက ဒီရာသီရဲ့ပထမဦးဆုံးအဖွင့် ပွဲစဉ်ပါပဲ။ ကျွန်တော်တို့ ဒီပွဲနိုင်ခဲ့ တယ်။ ဒီနိုင်ပွဲသတင်းက ဝိန်းဆီ ရောက်ရှိလာခဲ့တယ်။ ဒီသတင်း က သူ ပြန်လည်သတိရဖို့ တွန်း အား အနည်းငယ်ပေးခဲ့တယ်။ ဘောလုံးဟာ သူ့ဘဝပါ။ ကျွန် တော်တို့အနေနဲ့ သူ့ကို ဘာဖိအား မှမပေးဘဲ တတ်နိုင်တဲ့ဘက်က အားပေးသွားမှာပါ''ဟု ပြောသည်။

ဝိန်းအနေဖြင့် အိမ်မှ ကလပ် အသင်း၏ လေ့ကျင့်ရေးကွင်းရှိ ရာသို့ သွားရာလမ်းတွင် ထိခိုက် ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ တစ်ပတ် လုံးလုံးကို ခွဲစိတ်မှုများဖြင့်ဖြတ် သန်းခဲ့ရသည်။ ၎င်းအား ခွဲစိတ် ပေးခဲ့သူ ဆရာဝန်များက ပြင်း ထန်သည့်ဒဏ်ရာများကြားမှ ဝိန်း အသက်ရှင်နေခြင်းမှာ အလွန်ကံ ကောင်းသူဖြစ်ကြောင်း ပြောခဲ့ သည်။ ထို့အပြင် ဝိန်းဇနီးသည် ဖြစ်သူက မိမိနှင့်သူ့အစ်ကိုဖြစ်သူ တို့သည် ဃသာေ ဝေဒနာရှင်တို့နှင့် ပတ်သက်သည့် သတင်းများကို လေ့လာနိုင်ခဲ့ပြီး မိမိတို့ပြောသည် ကို ဝိန်းကြားနိုင်လိမ့်မည်ဟု ယုံ ကြည်ခဲ့၍ အသင်းနိုင်ပွဲသတင်း ကို ပြောခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်တွေ့တွင်လည်း ဝိန်း သတိ ပြန်လည်လာခဲ့၍ အရမ်းပင်ထူး ခြားလွန်းသည်ဟု ပြောခဲ့သည်။

လက်ခ်ဟေးလ်အသင်းက လည်း Twitter မှတစ်ဆင့် ဝိန်း၏ တိုးတက်မှု အခြေအနေများကို ဖော်ပြခဲ့ကြပြီး အခြားအသင်း များနှင့် အသင်းပရိသတ်များက မြန်မြန်ကျန်းမာလာစေရန် ဆု တောင်းခြင်းများ ပြုလုပ်နေကြ သည်။

သြဂုတ်(၂၂)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

0 comments:

Post a Comment