August 27, 2013

Tuesday, August 27, 2013


cat

အသွင်သဏ္ဍန်က အိမ်မွေးကြောင်နဲ့ အတူတူပါပဲ။ အပြင်က အရေခွံကသာ ကျားသစ်တစ်ကောင်ဖြစ်ကြောင်း အဆင်းကြောင်းနဲ့ ထင်သာမြင်သာ ရှိစေ သွားတာ ဖြစ်ပါတ်။
The ocelot လို့ခေါ်ပြီး Dwarf leopard (ကျားသစ်ပု/တောကြောင်ပု) လို့လည်း ခေါ်ပါတယ်။ အရွယ်အစားအားဖြင့် ၂၇ ကနေ ၃၉ လက်မကြား အထိ အရှည်ရှိပြီး အသက် ၂၀ တန်းအထိ နေနိုင်ပါတယ်။ ဖား၊ ယုန်၊ ပုတက်၊ ငါး၊ ဖွတ်၊ ငှက်တို့လို အကောင်သေး သားကောင်များကိုသာ အမဲလိုက်ဖမ်းဆီး စားသောက်နိုင်ပါတယ်။
Trinidad နဲ့ Margarita ကျွန်း၊ တောင်အမေရိကန် နဲ့ မက္ကဆီကို တို့မှာ မြင်တွေ့ရတဲ့ အကောင်များ ဖြစ်ပါတယ်။ သို့ပေမယ့် အကောင်ရေ အတော်လေး နည်းနေပါပြီ။ သူ့ရဲ့  အပြင်အရေခွံက ကမ္ဘာ့ ဈေးကြီး သားရေအမျိုးအစားထဲမှာ ပါဝင်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက အမဲလိုက်အဖမ်းဆီးသတ်ဖြတ်ခံရ တဲ့ အကောင် များ ဖြစ်ပါတယ်။ အိမ်မွေးအနေနဲ့လည်း ဈေးကြီးပေး အိမ်မွေးတဲ့ အလေ့ အထလည်း ရှိပါသေးတယ်။
ဒါကြောင့် ၁၉၇၂ ခုနှစ်ကစလို့ ကမ္ဘာ့အရှားပါးဆုံး တိရစ္ဆာန်၊  မထိခိုက်ရ တိရစ္ဆာန်အဖြစ် ယနေ့တိုင် သတ်မှတ်ထားကြောင်း သိရပါတယ

Ref: wiki
ရိုးရာလေး

0 comments:

Post a Comment