September 1, 2013

Sunday, September 01, 2013


ဆွီဒင်လူမျိုး မီလျံနာ တစ်ဦး ဖြစ်တဲ့ Johan Eliasch ဟာ  Head N.V အားကစားပစ္စည်း ကုမ္မဏီလုပ်ငန်းပိုင်ရှင် ဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းအောင်မြင်မှုနဲ့အတူ နိုင်ငံရေးမှာ လည်း အောင်မြင်ပြီး ဗြိတိန် ဝန်ကြီးချုပ်ရဲ့  ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ် တစ်ဦးအထိ ရာထူး အခန့်အပ်ခံရပါတယ်။ လက်ရှိ လည်း သူကိုယ်တိုင်ဦးဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းနဲ့ ဖိုရမ်တွေ အများကြီးပါ။ သူ့ရဲ့  ထူးခြားတဲ့ လုပ်ဆောင်ချက် တစ်ခုကို ၂၀၀၅ ခုနှစ်မှာ အားလုံး တွေ့မြင်ခဲ့ရပါတယ်။

ယင်းကတော့ တောင်အမေရိကန်တိုက်၊ အမေဇုန်သစ်တောရဲ့  အလယ်တည့်တည့်က ဧက ၄သိန်း ကို ဝယ်ယူလိုက်ခြင်း ဖြစ်ပါတယ်။ ယင်းတော မှ သစ်ပင်ခုတ်ခွင့်ကို ကုမ္မဏီတစ်ခုက ရရှိထားပြီး ရှိသမျှ သစ်ပင် တွေခုတ်တော့မယ့်အနေအထား တစ်ခုမှာပါ။ ဒါကို သိမြင်တဲ့ Johan Eliasch ဟာ ခုတ်ခွင့်မပေးပဲ ယင်း ဧက နယ်မြေကို ဝယ်ယူခဲ့ပါတယ်။ ဝယ်ယူပြီးနောက် သဘာဝဘေးမဲ့ သစ်တော တစ်ခု အဖြစ် တည်ရှိနေစေ ခဲ့ပါတယ်။

ဧက ၄ သိန်းသော သစ်တောအတွက် အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီကုန်ကျခဲ့ပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တစ်နှစ်ထပ် တစ်နှစ်ပိုလို့ လှူဒါန်းလျက် ရှိကြောင်း သိရပါတယ်။

Ref: wiki
Aung Kham (International news for myanmar)

0 comments:

Post a Comment