September 22, 2013

Sunday, September 22, 2013
 

လေ့လာမှုအသစ်တစ်ခုအရ တစ်နေကုန် အိပ်စက်အနားယူမှု မရှိထားတဲ့သူက အခြားသူတွေထက် ပိုဝမ်းနည်းပြီး ပိုအသက်ကြီးတဲ့ပုံ ပေါက်စေတယ်လို့ သိရပါတယ်။ နယူးယောခ်ရှိနာမည် ကြီးနယူး ယောက် နေ့စဉ်သတင်းစာကလည်း အကောင်းဆုံး အလှပြင်မှုဆိုတာ လုံလောက်စွာအိပ်စက်ခြင်း ပါဆိုတဲ့ လေ့လာမှုကို အတည်ပြုခဲ့ပါတယ်။ တွေ့ရှိချက်တွေအရ တစ်ညလုံး မအိပ်ထားတဲ့သူတွေဟာ မျက်လုံး တွေက ပိုမိုနီရဲ ရောင်ကိုင်းနေမယ်၊ မျက်စိတစ်ဝိုက်မှာ ညိုမည်းခြင်း၊ နဖူး ပိုတွန့်ခြင်း၊ မျက်ခွံနဲ့ပါးစပ်အောက်ကို တွဲကျနေခြင်းတွေက သာမန်သူတွေ ထက် ဆိုးဝါးနိုင်ပါတယ်။ အိပ်ရေး ပျက်တဲ့သူတွေမှာ ပိုဝမ်းနည်းတဲ့ ပုံပေါက်နေရတဲ့အကြောင်းက ပင် ပန်းနွမ်းနယ်နေတာနဲ့ ဆက်စပ်နိုင် ကြောင်း လေ့လာသူတွေက ပြော ကြားခဲ့ပါတယ်။ ဆွီဒင်နိုင်ငံစတော့ ဟုမ်းတက္ကသိုလ် စိတ်ပညာဌာနမှ Tina Sudenlin က 'လူတွေရဲ့မျက် နှာတွေမှာ အခြားသူတွေနဲ့ဘယ်လို ဆက်ဆံနေတယ်ဆိုတာနဲ့ ပတ်သက် တဲ့သတင်းအချက်လက်တွေ အများ ကြီးပါပါတယ်။ ဒါ့အပြင် လူတစ် ယောက်ရဲ့အသွင်အပြင်ဟာ သူ့အ ပေါ်အခြားတစ်ယောက်က ဘယ်လို ပြုမူဆက်ဆံတယ် ဆိုတဲ့အပေါ်မှာ လည်း သက်ရောက်မှုရှိပါတယ်။ ဒါ ကြောင့် အိပ်ရေးပျက်ခြင်းတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ် ဟု ပြောကြားခဲ့ပါသည်။

Health Updates Journal

0 comments:

Post a Comment