September 10, 2013

Tuesday, September 10, 2013

မြန်မာ့စိတ်ဓာတ်ကို ဖော်ကျူးပြသမည့် '' ကျွန်တော်နာမည် မောင်ကြည်လင် ''ဆိုသည့် ဇာတ်ကားအား အမေရိကန်နိုင်ငံသား ၁၀ နှစ်အရွယ် ကလေးငယ်နှင့် မြန်မာနိုင်ငံသား အင်္ဂလိပ်စကားပြော ကျွမ်းကျင်သူ ၉ နှစ်အရွယ်ကလေးငယ်တို့ အဓိကပါဝင် သရုပ်ဆောင်ကာ ရိုက်ကူးသွားမည် ဖြစ်ကြောင်း အဆိုပါ ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ ဦးအောင်ကိုလတ်က ပြောကြားသည်။ ''ကျွန်တော်နဲ့ ဟတ်တာ ၁၉၉၇ ခုနှစ်ကတည်းက ရေးခဲ့တဲ့ ကျွန်တော်နာမည်မောင်ကြည်လင်ဆိုတဲ့ ဇာတ်ကလေးဟာ ပုဂံသား ၉ နှစ်သားနဲ့ နယူးယောက်က ဆယ်နှစ်သားလေး ပုဂံမှာဆုံတဲ့ ဇာတ်လေးပေါ့၊ အရမ်းချစ်ဖို့ ကောင်းတယ်။ ကြိုက်နေတာ ကြာပြီ။ ဇာတ်လမ်းစိစစ်ရေး အဖွဲ့ကလည်း ကြိုက်တယ်။ ပြောပြလိုက်ရင် လူတွေအားလုံး ကြိုက်မှာ မြန်မာ့နှလုံးသားကို ကလေးလေးက စပြတာ၊ မြန်မာတွေကဘယ်လောက် နှလုံးသားဖြူစင်တယ် ၊ မြန်မာတွေက ဘယ်လောက် ကြည်ဖြူတတ်တယ်။ ဧည့်သည်ကို ဘယ်လောက် ချစ်တတ်တယ် ဆိုတာကို ပြတာ။ အခုရိုက်ဖို့ တာစူနေပြီ။ ၂၀၁၄ မှာ အပြီး ရိုက်မယ်။ ဇာတ်ကောင်အတွက် ကလေးလေးကို စရွေးနေပြီ။ တခိျု့လည်း ဒီထဲကနေ ပြီးတော့ သရုပ်ဆောင်တော်တဲ့ ကလေးတွေ ရှိပါတယ်။ အဲဒီထဲကလည်း ဖြစ်ချင်ဖြစ်မယ်။ မျက်နှာသစ်လည်း ဖြစ်ချင်ဖြစ်မယ်။ အရံတွေလည်း အများကြီး လိုတယ်။ အရံ ၄၀လောက် လိုတယ် '' ဟု ယင်းကပြောသည်။ 
ရိုက်ကွင်းကို ပုဂံနှင့် ပုပ္ပါးတွင် ရိုက်မည် ဖြစ်ကြောင်း ၊ အမေရိကန်သားလေး နေရာတွင် သရုပ်ဆောင်ရန် နယူးယောက်ဘက်မှ နေပြီး ရှာနေကြောင်း သိရသည်။ ယင်းက ဆက်လက်၍ '' ဇာတ်ကားက အင်္ဂလိပ်လို ပြောမယ် ဆိုပေမယ့် ဘာသာစကားပြော အခက်အခဲတော့ မရှိပါဘူး။ အင်္ဂလိပ်စကားပြော အရမ်းကျွမ်းတဲ့ သူကိုပဲ ရွေးထားတယ်။ ပုဂံသားလေးကတော့ ပုဂံစတိုင်နဲ့ ပြောမှာပေါ့။ ဟိုဘက်ကလေးကတော့ တကယ့် နယူးယောက်စတိုင်ပေါ့။ နှစ်ယောက်စကား ပြောတဲ့နေရာမှာ အချေအတင် ပြောတာလေးတွေက ဇာတ်ညွှန်း ရေးထားတာ အရမ်း ကောင်းတယ်''ဟု ပြောသည်။ အဆိုပါ ဇာတ်ကားသည် အင်္ဂလိပ်စကားပြောများ ပိုမို ပါဝင်မည် ဖြစ်ပြီး မြန်မာစာတန်းထိုးမည် ဖြစ်ကြောင်း၊အခိျု့နေရာတွင် မြန်မာစကားပြော အနည်းငယ် ပါဝင်မည် ဖြစ်ကြောင်း၊ ဇာတ်ကားအား လာမည့်နှစ် ဇန်န၀ါရီလတွင် စတင်ရိုက်ကူးရန် စီစဉ်ထားကြောင်း သိရသည်။

ပြည်မြန်မာ

0 comments:

Post a Comment