September 2, 2013

Monday, September 02, 2013
ကိုရီးယားတွင် မြန်မာများအတွက် ကွမ်းကမ်ပိန်း ပြုလုပ်ရန်စီစဉ်


ကိုရီး ယားရောက်မြန်မာများ ကွမ်းတံ တွေး တွေ့ကရာထွေးခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုအား တား ဆီးရန် ကွမ်းကမ်ပိန်းကို စက်တင် ဘာ ၁ရက်တွင် ဘူဖျောင်းမြို့တွင် နံနက် ၁၁နာရီမှ ညနေ ၄နာရီ အထိ နှစ်ကြိမ်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွမ်းကမ်ပိန်းကို ကွမ်းတံတွေးကြောင့် ပြင်ပတွင် မညစ်ပတ်စေရန်၊ ကျန်းမာရေး အသိ မြင့်မားလာစေရန်၊ မြန်မာ အချင်းချင်း မိတ်ဆွေချင်းအသိ ပညာပေးခြင်းဖြင့် အမျိုးသားဂုဏ် မြှင့်တင်စေရန်၊ ကိုရီးယား လူနေ မှုစနစ်နှင့် လိုက်လျောညီထွေနေ ထိုင်နိုင်စေရန်နှင့် မည်သည့်နေ ရာတွင်မဆို အကျင့်ကောင်းများ ရရှိနေထိုင်တတ်စေရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ဘူ ဖျောင်းမြို့ရှိ မြန်မာစင်တာမှ သတင်းထုတ်ပြန်ခဲ့သည်။
”အကြိုလှုပ်ရှားမှုများကို စတင်နေပြီဖြစ်ပြီး အွန်လိုင်းမှ လှုံ့ဆော်လျက်ရှိပါတယ်။ ကွမ်း တံတွေးညစ်ပတ်နေတဲ့ မြင်ကွင်း တွေလဲ မှတ်တမ်းရယူထားပြီးဖြစ် ပါတယ်။ ကွမ်းကမ်ပိန်းလှုပ်ရှား မှုများကို ဓာတ်ပုံ၊ ရုပ်သံအပြည့် အစုံ ရိုက်ကူးထားမှာဖြစ်ပြီးအား လုံးသိအောင် ဖြန့်ဝေသွားမှာဖြစ် ပါတယ်”ဟု မြန်မာစင်တာမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ်ပိန်းလုပ်ဆောင်ရာတွင် အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင် သွားမည်ဖြစ်ပြီး ပထမအဆင့်အ ဖြစ် စက်တင်ဘာလတွင် ပတ်ဝန်း ကျင်မညစ်ညမ်းရေးအတွက် အ သိပေးခြင်း၊ ပညာပေးခြင်းနှင့် ဆွေးနွေးခြင်းများကို ဆောင်ရွက် သွားမည်ဖြစ်ကာ ဒုတိယအဆင့် အဖြစ် ကွမ်းစားသုံးမှု၊ ကွမ်းရောင်း ချမှုများ အားလျှော့ချခြင်းများကို အောက်တိုဘာလနှင့် တတိယအ ဆင့်အဖြစ် ကွမ်းစားသုံးမှုချုပ်ငြိမ်း စေရန် ဒီဇင်ဘာလတွင်လည်း လုပ် ဆောင်သွားမည်ဖြစ်သည်။

Yangon Media Group

0 comments:

Post a Comment