September 2, 2013

Monday, September 02, 2013

ဗီယက်နမ်နိုင်ငံရှိ Samsung စက်ရုံမှ ထွက်ရှိလာတဲ့ သတင်း ဖြစ်ပါတယ်။ လာမယ့် Samsung Galaxy S5 ကျရင် ပလပ်စတစ် အခွံကို အသုံးမပြုတော့ပဲ အလူမီနံနဲ့ မဂ္ဂနီဆီယံတို့ကိုသာ အသုံးပြုတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Samsung Galaxy S4 တောင် ထွက်တာ မနေ့တစ်နေ့။ နောက်နှစ်လယ်ကျော်မှ ထွက်မယ့် စမတ်ဖုန်း S5 က ဘယ်လိုဖြစ်မယ်ဆိုတာ သတင်းတွေက ထွက်နေပြန်ပါပြီ။ Samsung Galaxy Note 3 လည်း Plastic Casing နဲ့ပဲ လာမှာပါ။ သို့ပေမယ့် Samsung Galaxy S5 နောက်ပိုင်း ထွက်သမျှ Galaxy အမြင့်ဖုန်း အားလုံးကို အလူမီနီယံ၊ မဂ္ဂနီဆီယံတို့လို သတ္တုသာ အသုံးပြုတော့မှာ ဖြစ်ကြောင်း ဆိုပါတယ်။
အဓိက ကတော့ အလူမီနီယံ သုံးတဲ့ ကုမ္မဏီတွေကို ယှဉ်ပြိုင်ဖို့ပါ။ Apple နဲ့ HTC ဟာ ၎င်းတို့ ဖုန်း Casing အတွက် အလူမီနီယံကို အဓိကထား အသုံးပြုပြီး ဒီဇိုင်းနဲ့ အကြမ်းခံမှု အပိုင်းမှာ ထိပ်တန်း ရောက်ရှိ နေပါတယ်။ Samsung ကတော့ ပေါ့ပါးမှု၊ လွယ်ကူမှု ကိုသာ အဓိက ထား ရည်ရွယ်လို့ ပလပ်စတစ်ကိုသာ တစ်စိုက်မက်မက် အသုံးပြုလာပြီး ၂၀၁၄ ဆိုရင်တော့ အလူမီနီယံကိုခြေလှမ်းစတော့မှာ ဖြစ်ပါတယ်။ Apple က ဈေးသက်သာ iPhone ဆိုပြီးတော့ ပလပ်စတစ် ဘော်ဒီ ဘက်ကို ခြေလှမ်းစပါတယ်။ ဒီတော့ စမတ်ဖုန်း လောကမှ ပလပ်စတစ်နဲ့ အလူမီနီယံ သတ္တု အသုံးပြုမှုက ပြိုင်ဆိုင်စရာတွေ ဖြစ်နေအုံးမှာပါ။
Samsung Galaxy Note 3 ကို စက်တင်ဘာလ အတွင်း မိတ်ဆက်ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

0 comments:

Post a Comment