July 29, 2013

Monday, July 29, 2013

အမေရိကန်နိုင်ငံမှ ကြီးမှူးကျင်းပသော ကမ္ဘာ့အဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့ ကြသည့် မူလတန်းကျောင်းသားများအပါအဝင် မြန်မာကျောင်းသားရှစ်ဦးအား ဆုပေးပွဲကို ဇူလိုင် ၂၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ (Singapore and Asean Schools Maths Olympaids) တွင် ဆုရရှိခဲ့ သော မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာ့ဂုဏ်ဆောင်ကျောင်းသားများ၏ ဆုပေးပွဲအခမ်းအနားကို ရန်ကုန် မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ကျင်းပ
ခဲ့သည်။ အဆိုပါသင်္ချာစွမ်းရည်ပြိုင်ပွဲ (Singapore and Asean Schools Maths Olympaids) တွင်
 မြန်မာနိုင်ငံ မှ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲကို ယခုနှစ်ဧပြီ ၂၃ ရက်က ကျင်းပခဲ့ခြင်းဖြစ် ကြောင်း၊ မြန်မာကျောင်းသား ၂၆၂ ဦးဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ရွှေတံဆိပ်ဆုရရှိသူ ရှစ်ဦး၊ ငွေတံဆိပ်ဆု ရရှိသူ ၁၂ ဦး၊ ကြေးတံဆိပ်ဆုရရှိသူ ၁၂ ဦးနှင့် အထူးဂုဏ်ပြုဆုရရှိသူ ၂၃ ဦး၊ ဆုရရှိသူစုစုပေါင်း ၅၅ ဦးရှိကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ T&H သင်္ချာသင်တန်းကျောင်းမှ အထွေထွေမန်နေဂျာ ဒေါက်တာသက်ဇော်က “ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီပြိုင်ပွဲကို ဝင်ယှဉ်ပြိုင်ဖို့ တစ်နှစ်ခွဲလောက်ကြိုးစားခဲ့ရတယ်။ မြန်မာ နိုင်ငံမှာ ကျင်းပခွင့်ရဖို့အတွက်ပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာကုန်ခါနီးလောက်မှ အီးမေးလ်နဲ့ ကျင်းပခွင့်ပြု ကြောင်း အကြောင်းကြားတယ်” ဟု ပြောသည်။
ယင်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် ပုဇွန်တောင်မြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်းမှ စတုတ္ထတန်းကျောင်းသား မောင်ဇာနည်မင်းနိုင်က “သားက Horizontal International School ကလုပ်တဲ့ သင်္ချာပြိုင်ပွဲမှာ ဝင်ပြိုင်ရင်းနဲ့ ဒီဘာသာရပ်ကို စိတ်ဝင်စားသွားပြီး အခုပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ပြင်ဆင်ခဲ့တယ်။ အဲဒီပြိုင်ပွဲရဲ့ အရင်နှစ်တွေက မေးခွန်းဟောင်းတွေကို လေ့ကျင့်ပြီးတော့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ” ဟုပြောသည်။

Credit: The Yangon Times Daily

0 comments:

Post a Comment