July 26, 2013

Friday, July 26, 2013

ရာသီကြို ခြေစမ်းပွဲစဉ်များ ကစားရန် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မိုယက်စ်က သတင်းထောက်များနှင့် တွေ့ဆုံရာ၌ မိမိတို့၏ နွေရာသီ ပစ်မှတ် ကစားသမားအတွက် ဆက်လက် ကြိုးပမ်းနေဆဲဟု အတည်ပြုခဲ့

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘာစီလိုနာ ကွင်းလယ် ကစားသမား ဆက်စ်ဖာဘရီဂက်စ်ကို ခေါ်ယူရေး ဆက်လက် ကြိုးပမ်းလုပ်ဆောင်နေဆဲဟု အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်က ထုတ်ဖော် ပြောကြားလိုက်သည်။ ရာသီကြို ခြေစမ်းပွဲစဉ်များ ကစားရန် ဂျပန်နိုင်ငံသို့
ရောက်ရှိနေသည့် မိုယက်စ်က သတင်းထောက်များနှင့် တွေ့ဆုံရာ၌ မိမိတို့၏ နွေရာသီ ပစ်မှတ် ကစားသမားအတွက် ဆက်လက် ကြိုးပမ်းနေဆဲဟု အတည်ပြုခဲ့သည်။ အသက်(၂၆)နှစ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်ကို ယူနိုက်တက် (၂)ကြိမ် ကမ်းလှမ်းထားပြီး ဘာစီလိုနာက ငြင်းပယ်ခဲ့သည်။

သို့သော်လည်း စကော့သား မန်နေဂျာ မိုယက်စ်က မိမိတို့၏ အားထုတ်မှု မပြီးဆုံးသေးကြောင်း ပြောဆိုလိုက်သည့်အတွက် နောက်တစ်ကြိမ် ကမ်းလှမ်းမှု စတင်မည့် သဘောမျိုး ယူဆစရာ ဖြစ်လာသည်။ ယခုတစ်ကြိမ်သည် ဖာဘ ရီဂက်စ် အတွက် ယူနိုက်တက်၏ နောက်ဆုံး အားထုတ် မှု ဖြစ်နိုင်ပြီး ပေါင်စ တာလင် (၃၅)သန်းမျှထိ ဈေးပေးဖွယ် ရှိနေကြောင်း သတင်းများက သုံးသပ် ဖော်ပြခဲ့သည်။ သတင်းထောက်များက ဖာဘရီဂက်စ် ကိစ္စ ကို မေးမြန်းရာ မိုယက်စ်က အဲဒီကိစ္စက ရှေ့ဆက်နေတုန်းပါပဲဟု အ တည်ပြု ဖြေကြားခဲ့သည်။ ယူနိုက်တက်၏ အမှုဆောင်ချုပ် အက်ဒ်ဝုဒ် ဝက်ဒ်သည် ယင်းအပြောင်းအရွှေ့ ကိစ္စအတွက် အဓိက တာဝန်ယူ ကြိုးပမ်းလျှက် ရှိသည်

Daily Mailက ဖာဘရီဂက်စ်သည် အာဆင်နယ်တွင် တွဲကစားဖူး သည့် ရော်ဘင်ဗန်ပါစီ ရှိနေသော ယူနိုက်တက် အသင်းသို့ ကူးပြောင်းရန် စဉ်းစားနေကြောင်း ရင်းနှီးသူ အချို့အား ဖွင့်ဟ ပြောဆိုခဲ့သည် ဟုလည်း ဖော်ပြထားသည်။ ယူနိုက်တက်သည် ဖာဘရီဂက်စ်ကို နောက်ဆုံး ကမ်းလှမ်းမှု မအောင်မြင်ပါကမူ ယင်းကြိုးပမ်းမှုအား အပြီးတိုင် လက်လျှော့ပြီး အဲဗာတန် ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီနှင့် ရီးယဲလ်မက်ဒရစ်မှ လူကာမိုဒရစ်တို့ကို ချိတ်ဆက်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်

Credit: Planet Myanmar Network

0 comments:

Post a Comment