1. သာမန်အားဖြင့် တစ်နေ့လျှင် ဆံပင်ကျွတ်နှုန်းမှာ အမျိုးသားများသည်
အပင်ပေါင်း (၄၀) ရှိပြီး၊ အမျိုးသမီးများသည် အပင်ပေါင်း (၇၀) ရှိပါတယ်။
2. သင့်သွေးအတွင်းဆားပါဝင်မှုနှုန်း မှာ သမုဒ္ဒရာတွင် ဆားပါဝင်မှုနှုန်းနှင့် အတူတူပင်ဖြစ်ပါတယ်။
3. လူတစ်ယောက်ဟာ ညထက် မနက်မှာ ပိုပြီး အရပ်ရှည်လာတတ်ပါတယ် ။
4. နှလုံးသွေးလည်ပတ်မှုဟာ တစ်နေ့ကို
အကြိမ်တစ်ထောင် ရှိပါတယ် ။
5. မျက်တောင်မွှေးတို့ရဲ့သက်တမ်းဟာ ရက်ပေါင်း (၁၅၀) ရှိပါတယ် ။
6. မျက်ခုံးမွှေးတစ်ဖက်မှာ အပင်ပေါင်း (၁၅၀) ရှိပါတယ် ။
7. ပျမ်းမျှအားဖြင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ နာ့ဗ်ဆဲလ်ပေါင်း (၁၀၀)ဘီလီယံ နီးပါးရှိပါတယ် ။
8. နှာချေလိုက်တဲ့အခါတိုင်း မျက်လုံးတို့ ပိတ်သွားပါတယ် ။
9. လူ့အရိုးဟာ ကွန်ကရစ်ထက် ၄ ဆ သန်မာပါတယ် ။
10. အရသာခံ အဖုလေးတစ်ခုရဲ့ သက်တမ်းကတော့ ပျမ်းမျှအားဖြင့် (၁၀) ရက်မျှသာဖြစ်ပါတယ် ။
11. သင့်မှာ မွေးကတည်းက ဒူးဆစ်အဖုံးများ ပါမလာပါ ။ ၂နှစ်မှ ၆နှစ်တိုင်အောင် ထိုအရာများ ဖြစ်ပေါ်လာခြင်းမရှိပါ ။
12. ကလေးတွေဟာ ဆောင်းဦးရာသီမှာ လျင်လျင်မြန်မြန် ကြီးထွားကြပါတယ် ။
13. မျက်လုံးများဟာ လူ့သက်တမ်းတစ်လျှောက် ထပ်မံကြီးထွားခြင်း
မရှိသော်လည်း နှာခေါင်းနှင့် နားရွက်တို့ကြီးထွားမှုမှာ မည်သည့်အခါမျှ
ရပ်တန့်ခြင်းမရှိ ။
14. လူတို့သည် မွေးဖွားစတွင် အရိုးအချောင်း (၃၀၀) ပါရှိသော်လည်း၊ အရွယ်ရောက်လာသည့် အခါတွင်မူ (၂၀၆) ချောင်းသာရှိတော့သည် ။
15. လူ့ဦးခေါင်းခွံကို မတူညီတဲ့ အရိုးပေါင်း (၂၆) မျိုးနဲ့ ဖွဲ့စည်းထားပါတယ် ။
16. ကျွန်ုပ်တို့ နှာချေတဲ့အခါ ခန္ဓာကိုယ်ရှိုလုပ်ငန်းဆောင်တာများအားလုံး ( နှလုံးခုန်နှုန်းတောင်မှ ) ရပ်တန့်သွားပါတယ် ။
17. လျှာသည် လူ့ခန္ဓာကိုယ်တွင် အသန်မာဆုံး ကြွက်သားဖြစ်သည်။
18. အစာသည် ပါးစပ်မှ အစာအိမ်သို့ရောက်ရန် (၇)စက္ကန့်မျှသာကြာသည်။
19. ကလေးတွေမှာ အာရုံခံအဖုများ ပိုမိုပါဝင်ပါတယ် ။
20. နှာချေတဲ့အခါ မှုတ်ထုတ်လိုက်တဲ့လေဟာ တစ်နာရီကို မိုင်(၁၀၀)နှုန်း ရှိပါတယ် ။
21.ခန္ဓာကိုယ်ရှိအသေးဆုံး အရိုးဟာ နားအတွင်းမှာ ရှိတာ ဖြစ်ပါတယ်။
Credit: BellBagan
July 27, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment