ပရိသတ် ၈၆၇ ဦးပါဝင်သည့် စူပါမင်း ပွဲတော်ကြီး ဂင်းနစ်မှတ်တမ်း တင်နိုင်ခဲ့
ဗြိတိန်နိုင်ငံတွင် ကျင်းပခဲ့သည့် Kendal Calling ပွဲတော်တွင် စူပါမင်း ဝတ်စုံများကို ဝတ်ဆင်၍ ဂင်းနစ် မှတ်တမ်း တင်ရန် ကြိုးပမ်းရာတွင် စူပါမင်း ဇာတ်ကားမှ သရုပ်ဆောင်သူကို နှစ်သက်သူ ပရိသတ် ၈၆၇ဦးက ပျော်ရွှင်စွာ ပါဝင် ခဲ့ကြကြောင်း သိရသည်။
စူပါမင်းဝတ်စုံ ဝတ်ဆင်၍ Kendal Calling ပွဲတော်တွင် ပါဝင်လိုသူ ပရိသတ် ၁၂ဝဝ နီးပါးသည် ပွဲတော်တည်ရှိရာ အဆိုပါ ဆိုင်သို့ လာရောက် ခဲ့ကြသော်လည်း
ကမ္ဘာ့ဂင်းနစ် မှတ်တမ်းအဖွဲ့က ၈၆၇ ဦးဖြင့်သာ အသိအမှတ် ပြု ပေးခဲ့သည်ဟု သိရသည်။
Kendal Calling ပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ Help For Heroes အဖွဲ့အစည်း အတွက် ရန်ပုံငွေ ပွဲ ရှာဖွေရန် ကျင်းပခြင်း ဖြစ်ပြီး ၎င်းအဖွဲ့အစည်းသည် ဒဏ်ရာရရှိသော လူမှုဝန်ထမ်းများနှင့် မိသားစုများကို ကူညီရန် အတွက် ဖွဲ့စည်းထားသော အဖွဲ့ကြီးဖြစ်သည်။
စူပါမင်း ဝတ်စုံများအား ကုမ္ပဏီတစ်ခုမှ စီစဉ်ထုတ်လုပ် ပေးခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဂင်းနစ် မှတ်တမ်းဝင်ရန် ကြိုးပမ်းမှုသည် ဒုတိယ အကြိမ်မြောက် ကြိုးပမ်းမှုဖြစ်ပြီး ပြီးခဲ့သည့် အကြိမ်ကလည်း စူပါမင်းဝတ်စုံ ဝတ်ဆင်ထားသူ ၅၅ဝ ဦးသည် ဂင်းနစ်မှတ်တမ်းတွင် ဂုဏ်ပြုဖော်ပြ ခံရကြောင်း သိရသည်။
ယခုပွဲတော်တွင် ပါဝင်သည့် ပရိသတ်များ၏ စိတ်အားထက်သန်မှုကို ချီးကျူးမိကြောင်း၊ ၎င်းတို့၏ စိတ်အားထက်သန် မှုကြောင့် ယခုကဲ့သို့ ဂင်းနစ်မှတ်တမ်း တင်ခံရခြင်းဖြစ်ကြောင်း စူပါမင်း ဝတ်စုံ စီစဉ်ပေးသူ Escapade ကုမ္ပဏီမှ ဥက္ကဋ္ဌ ဘူပန်ဒရာ မိုင်ဆူရီယာက ပြောကြားခဲ့ကြောင်း သိရသည်။
Credit: မြ၀တီ
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.