July 19, 2013

Friday, July 19, 2013

မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ facebookအကောင့်အသစ်ဖွင့်ရင် lock ကျကျနေတယ်ပြောလို့အဆင်ပြေနိုင်ဆုံးနည်းလမ်းလေးကိုပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင် အကောင့်လေးခုလောက် စမ်းပြီးဖွင့်ပေးပြီးသွားပါပြီ.. lock မကျပါဘူးအဆင်ပြေပါတယ်။ သူငယ်ချင်းအားလုံးလည်း ဒီနည်းလမ်းလေးကို အသုံးပြုကြည့်နိုင်ပါတယ်ခင်ဗျာ။ စမ်းသပ်ကြည့်မဲ့သူငယ်ချင်းများအတွက် အသုံး
ဝင်မှာပါ။ proxy တွေ ကျော်သုံးစရာလည်းမလိုပါဘူး Firefox browser လေးနဲ့ ဖွင့်မဲ့နည်းလမ်းလေးကိုပြောပါ့မယ်။

ဒါနဲ့ ဘယ်လိုစမ်းမိသွားလည်း ဆိုတော့ လာလာနှိပ်စက်တဲ့သူတွေ ရှိနေလို့ပါ မနေနိုင်လို့ လုပ်ပေးရင်းနဲ့ ဒီနည်းလမ်းလေးတွေ့သွားတာပါ။ အရင်ဆုံး facebook အသုံးပြုဖို့အတွက် mail တစ်ခု ရှိဖို့လိုအပ်ပါတယ် ရှိပြီးသားသူငယ်ချင်းတွေအတွက်တော့ ဒီအဆင့်က မလိုပါဘူး မရှိသေးတဲ့သူငယ်ချင်းများအတွက်တော့ mail တစ်ခုဖွင့်လိုက်ပါ ဘာမေးဖြစ်ဖြစ်ပါ အလွယ်ဆုံးကတော့ yahoo.com မှာ yahoo mail အသစ်တစ်ခုသွားဖွင့်လိုက်ပါ။ အကောင့် လုပ်နည်းလေးပါ တစ်ခါတည်းပြောပေးပါ့မယ်ခင်ဗျာ။







အောက်က အဆင့်မှာတော့ တစ်ခါတစ်လေး ဖုန်းနံပါတ်လေးထည့်ပြီး verify လုပ်ခိုင်းပါတယ် တစ်ခါတစ်လေကျတော့လည်း eye test စာလုံးလေးတွေ မှန်အောင်ရိုက်ခိုင်းပြီးတော့လုပ်ရပါတယ်။ အကောင့်ရသွားပြီ ဆိုရင်တော့ firefox ကိုပိတ်လိုက်ပါ။ windown logo နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run box တတ်လာပါလိမ့်မယ် အဲဒီ run box ထဲမှာ %appdata% ဆိုတာရိုက်ပြီး enter နှိပ်လိုက်ပါ။ ဖိုဒါတွေ များကြီးတတ်လာပါလိမ့်မယ်။ အဲဒီထဲကမှ mozilla ဖိုဒါကိုရှာပြီး Shift Delet နှိပ်ပြီး ဖျက်ပစ်လိုက်ပါ။



ဖျက်ပြီးသွားရင်တော့ firefox icon လေးကို နှိပ်ပြီး ဖွင့်လိုက်ပါ။ Install လုပ်စဉ်ကအတိုင်း setting ပြန် run ပါလိမ့်မယ် ပြီးသွားရင် firebox တတ်လာပါပြီခင်ဗျာ။ facebook အကောင့်လုပ်ဖို့အတွက် www.facebook..com သို့သွားလိုက်ပါ။



ကောင့်ရသွားရင်တော့ နောက်တစ်မျက်နှာရောက်သွားပါလိမ့်မယ် ။



 Save & Continue ကိုနှိပ်လိုက်ပါ set profile picture ကိုရောက်သွားပါလိမ့်မယ်။

ပြီးသွားရင်တော့ save & continue ကိုနှိပ်လိုက်ပါ home page တတ်လာပါပြီ အဲဒီမှာ go to your gmail ဆိုတာလေး ပေါ်လာပါလိမ့်မယ် မနှိပ်လိုက်ပါနဲ့ နှိပ်လိုက်ရင်တော့ lock ကျပါပြီ တစ်ခါတစ်လေလည်းမကျပါဘူး ကျတာက များပါတယ်။ ဘာပဲဖြစ်ဖြစ်မနှိပ်ပါနဲ့ firefox မှာ New Tab ခေါ်လိုက်ပါ။ မိမိအကောင့်လုပ်တဲ့ mail ကိုဖွင့်လိုက်ပါ။ facebook က ပို့ထားတဲ့ Just for one more step ဆိုတဲ့ မေးလေးရောက်ပါလိမ့်မယ် အဲဒါဆိုရင်တော့ ပထမဖွင့်ထားတဲ့ facebook page မှာ news feeds ကနေ post အသစ်တစ်ခုလောက် ချက်ခြင်းတင်လိုက်ပါ။ တင်ပြီးသွားရင်တော့ မေးထဲမှာ facebook ကပို့ထားတဲ့မေးကို ဖွင့်ပြီး activate လုပ်လို့ရပါပြီ။





facebook အကောင့် complete singup လုပ်သွားပါလိမ့်မယ်။ ခုဆိုရင် facebook အကောင့်ကို လော့မကျအောင် ဖွင့်နည်းလေး ပြီးပါပြီး ဖုန်းထဲမှာပဲ ဖြစ်ဖြစ် အကောင့်ကို sing out လုပ်ပြီး ပြန်ဝင်ကြည့်တာပဲဖြစ်ဖြစ်လုပ်ကြည့်နိုင်ပါတယ် ခင်ဗျာ။ စမ်းသပ်ပြီးသားလေး အဆင်ပြေအောင် ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ gmail ရှိပြီးသား သူငယ်ချင်းများလည်း gmail အကောင့်နဲ့ဖွင့်နိုင်ပါတယ်ခင်ဗျာ။လာရောက်အားပေးကြတဲ့သူငယ်ချင်းများကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

Newer Post
Previous
This is the last post.

0 comments:

Post a Comment