August 29, 2013

Thursday, August 29, 2013

ဘေဂျင်း၊ သြဂုတ် ၂၅
တရုတ်တွင် ကလေးငယ် တစ်ဦး၏ မျက်လုံးကို ဖောက်ထုတ်ခဲ့သည့် ပြစ်မှု ကျူးလွန်သူကို သတင်း ပေးနိုင်သူအား တရုတ် ယွမ်ငွေ တစ်သိန်းပေးမည် ဟု ရဲတပ်ဖွဲ့က ဆုငွေ ထုတ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထား သည်။

တရုတ်နိုင်ငံ ရှန်ရှီပြည်နယ် ဖန်ရှီဒေသတွင် သြဂုတ်လ ၂၄ ရက်နေ့က အသက် ခြောက်နှစ်အရွယ် ကလေး တစ်ဦးသည် အိမ်အပြင် ထွက်ကစား ခဲ့ရာတွင် မိဘများက ပြန်လည် ရှာတွေ့ခဲ့သည့် အချိန်၌ မျက်စိ နှစ်လုံး ဖောက်ထုတ်ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါမျက်လုံး အဖောက်ခံထားရသော ကလေးငယ်၏ မိဘများမှာ လယ်သမားများဟု ဆိုကြပြီး ကလေးငယ် အပြင်ထွက် လမ်းလျှောက်နေစဉ် အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မျက်လုံး အဖောက်ခံရသည့် ကလေးငယ်က ပြန်လည် ပြောပြခဲ့ကြောင်း ၎င်း၏ မိခင်က ပြောကြားသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ကလေးငယ်၏ မျက်လုံး နှစ်လုံးကို ရဲက ပြန်လည် တွေ့ရှိခဲ့ပြီး မျက်ကြည်လွှာကိုမူ မတွေ့ရကြောင်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ရောင်းချရန် ယခုကဲ့သို့ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းစာများ၏ အစောပိုင်း သတင်းများတွင် ဖော်ပြထား သည်။

သို့သော် ပြန်လည် တွေ့ရှိသည့် မျက်လုံး နှစ်လုံးတွင် မျက်ကြည်လွှာ ပျောက်ဆုံးနေခြင်း မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ယခုအခါ ကလေးငယ်သည် ဆေးရုံတွင် အခြေအနေ ပြန်လည် ကောင်းမွန် လာပြီ ဖြစ်ကြောင်း၊ ယခုပြစ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို တရုတ် ယွမ်ငွေ တစ်သိန်း (အမေရိကန် ဒေါ်လာ ၁၆၃၄၀) ဆုကြေးငွေ ပေးအပ်မည် ဟု ရဲတပ်ဖွဲ့က ကြေညာထားသည်။

“ဒီအမှုကို အစွမ်းကုန် ကြိုးစား ဖော်ထုတ်သွားမယ်” ဟု လျူ အမည်ရသော ရဲတစ်ဦးက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment