August 2, 2013

Friday, August 02, 2013

လွန်ခဲ့သည့်နှစ်နှစ်အတွင်း အယ်လ်ဘမ်သစ် မထွက် ဘူးလားဆိုသည့် ပရိသတ်များ အတွက် ကေတီပယ်ရီက မကြာခင်လ အနည်းငယ် အတွင်းမှာ ပရိသတ်လက်ထဲကို အယ်လ်ဘမ်အသစ် အရောက်ပို့ပေးမည် ဟု ပြောကြားခဲ့သည်။

ပယ်ရီသည် ဇူလိုင် ၂၉ ရက်က ၄င်း၏ Intagram စာမျက်နှာပေါ်တွင် အယ်လ်ဘမ်အသစ်ကို အောက်တိုဘာ ၂၂ ရက်မှာ ဖြန့်ချိမည် ဟု ရေးသားခဲ့သည်။

သို့ရာတွင် အယ်လ်ဘမ် Prism ဆိုသည့်ကလွဲ၍
အခြားတစ်စုံ တစ်ရာ ဖော်ပြထားခြင်း မရှိပေ။ ယခင်က ဖြန့် ချိထားသည့် Tanage Dream အယ်(လ်)ဘမ်မှာ အယ်(လ်)ဘမ်ဇယားများ၌ ခြောက် ပတ်ကြာ နေရာယူနိုင်ခဲ့ပြီး ဝင်ငွေ ကောင်းခဲ့သောကြောင့် Prism အယ်(လ်)ဘမ်ရောင်းအား ကောင်းမကောင်းကို စောင့်ကြည့်ရပေမည်။

ယခု သီတင်းပတ်အတွင်း၌ လော့စ်အိန်ဂျလိစ်ရှိ လမ်းမများ ပေါ်တွင် စူပါစတားများ၏ အယ်လ်ဘမ်အသစ် ဖြန့်ချိမည့် ဆိုင်းဘုတ်များဖြင့် ပြည့်နှ က်လျက် ရှိသည်။

ပယ်ရီသည် သြဂုတ် ၂၅ ရက်တွင် ကျင်းပမည့် ၂ဝ၁၃ခုနှစ် MTV VMA ဆုချီးမြှင့်ပွဲ၌ အယ်လ်ဘမ်အသစ်ထဲမှ သီချင်းများ ဖြင့် ဖျော်ဖြေ လိမ့်မည်ဟု အများကထင်ကြေးပေးလျက်ရှိသည်။

Ref: Celebrity Gossip.net
Credit: သိင်္ဂီဝင်း Popular Myanmar News Journal

0 comments:

Post a Comment