Hip Hop ဂီတအယ်လ်ဘမ်တွင် ပါဝင်လာမည့် အမေရိကန်သမ္မတကတော်
Hip Hop ဂီတအယ်လ်ဘမ်တွင် ပါဝင်လာမည့် အမေရိကန်သမ္မတကတော် မီရှယ်လ် ဖော်ဆောင်နေသည့် ကလေးငယ်များ၏ အစားအသောက် ကျန်းမာရေးနှင့် ညီညွတ်စေရေး လှုပ်ရှားမှုအတွက် အထောက်အကူ ဖြစ်စေရန် ယခုအယ်လ်ဘမ်ကို စီစဉ်ခဲ့ခြင်းဟု ဆိုသည်
အမေရိကန် သမ္မတကတော် မစ်ချယ်လ် အိုဘားမား အနေဖြင့် Hip Hopဂီတ အယ်လ်ဘမ် တစ်ခုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အယ်လ်ဘမ်ကို Songs for a Healthier Americaဟု အမည်ပေးထားပြီး သမ္မတ ကတော် အနေဖြင့် အဆိုတော် ဂျော်ဒီစပါ့ခ်၊ အေရှန်တီနှင့် DMCတို့ကဲ့သို့ နာမည်ကြီးများနှင့် တွဲဖက်ပါဝင် သီဆိုသွားမည် ဖြစ်သည်။ မီရှယ်လ် ဖော်ဆောင်နေသည့် ကလေးငယ်များ၏ အစားအသောက် ကျန်းမာရေးနှင့် ညီညွတ်စေရေး လှုပ်ရှားမှုအတွက် အထောက်အကူ ဖြစ်စေရန် ယခုအယ်လ်ဘမ်ကို စီစဉ်ခဲ့ခြင်းဟု ဆိုသည်။ မစ်ချယ်လ်သည် အဆိုပါ သီချင်းအယ်လ်ဘမ်တွင် ဧည့်သည် သရုပ်ဆောင် အနေဖြင့်လည်း ပါဝင်မည် ဖြစ်သည်။
သူမသည် ကလေးငယ်များ အဝလွန်မှုကို တိုက်ဖျက်သည့် Let's Move လှုပ်ရှားမှုကို အဓိက ဦးဆောင် နှိုးဆော်နေသူလည်း ဖြစ်သည်။ ယခုအယ်လ်ဘမ်သည် ကလေးများ၏ ကျန်းမာရေး ကဏ္ဍအတွက် ပိုမို ဂရုစိုက် အားဖြည့်မှုမျိုး ဖြစ်လာစေရန် မီချယ်လ်က မျှော်လင့်ထားသည်။ သီချင်း(၁၉)ပုဒ် ပါဝင်မည့် အယ်လ်ဘမ်ကို Hip Hop Public Healthနှင့် Partnership for a Healthier Americaတို့က အကျိုးအမြတ် မမျှော်လင့်ဘဲ ထုတ်ဝေမည် ဖြစ်သည်။ အဆိုပါ အယ်လ်ဘမ်ကို စက်တင်ဘာလ (၃၀)ရက်နေ့တွင် အင်တာနက်မှ အခမဲ့ Download ရယူနိုင်မည်ဟုလည်း သိရှိရသည်။
Planet Myanmar Network
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.