September 17, 2013

Tuesday, September 17, 2013
 
 
အရှေ့အလယ်ပိုင်းမင်းသားတစ်ပါးနဲ့ ဧည့်ခံစကားပြောပေးရုံနဲ့ ရလာတဲ့ ငွေ... ဒေါ်လာ ငါးသိန်းကို ခရစ္စတင်းစတီးဝပ်က လူမှုရေးအဖွဲ့အစည်း ကိုလှူဒါန်းခဲ့ပါသတဲ့။

သူမဟာ မနှစ်က ဖြစ်ပွားတဲ့ခဲ့ ဆန်ဒီလေမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီထောက်ပံ့ပေးဖို့ စီစဉ်တဲ့ ဂီတ ဖျော်ဖြေပွဲ 12-12-12မှာ အဲဒီ လှူဒါန်းငွေကို ထည့်ဝင်ပေးခဲ့တာပါ။

အဲဒီဖျော်ဖြေပွဲအခွေကို လာမယ့် ဒီဇင်ဘာ လ12ရက်မှာတစ်နှစ်ျပြည့် အဖြစ်ပြသမှာဖြစ်ပြီး.. ငွေအများကြီးလှူဒါန်းခဲ့တဲ့ ခရစ္စတင်းရဲ့ အဖြစ်မှန်ကို တာဝန်ရှိသူတစ်ဦးက အခုမှ ရှင်းပြခဲ့တာပါ။

အမည်မဖော်လိုသူ အသက်23နှစ်အရွယ် အိမ်ရျှေ့မင်းသားက ခရစ္စတင်းရဲ့ ပရိသတ်ဖြစ်တာမို့ သူမနဲ့တွေ့ချင်ကြောင်း၊ စီစဉ်ပေးမယ်ဆိုရင်ဒေါ်လာ ငါးသိန်း ပေးဖို့ သဘောတူခဲ့တာပါ။ မင်းသားနဲ့အတူ 15မိနစ်ခန့် တွေ့ဆုံ စကားပြောခဲ့ရတာဖြစ်ပါတယ်။ ဆန်ဒီလေမုန်တိုင်း ဒုက္ခသည်တွေအတွက်.
ရော်ဘင်ဟုဒ် ဖောင်ဒေးရှင်းလို့ အမည်ပေးထားတဲ့ ရေဘေးကယ်ဆယ်ရေး ရံပုံငွေအဖြစ် ဒေါ်လာ65သန်းကျော်ရရှိခဲ့ပါတယ်။

Sunday Journal

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.