
အသက် ၂၄ နှစ်ရှိ ဂျာမန် လက်ရွေးစင်သည် ရီးယဲလ် မက်ဒရစ် အသင်းမှ အာဆင်နယ်သို့ ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်စတာ လင် ၄၂.၅သန်း ဖြင့် ရောက် ရှိလာခဲ့သည်။
ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်း ဈေးကွက်ထဲ တွင် ငွေသုံး နည်းလွန်းသဖြင့် ပရိသတ်များ စိတ် ပျက်လက်ပျက် ဖြစ်ခဲ့ရသည့် အာဆင်နယ်သည် ယခုနွေရာသီ တွင်မူ ပရီးမီးယား လိဂ်အသင်း အားလုံး အနက် ကစားသမား တစ်ဦးအတွက် ဈေး အများဆုံးပေးသည့် စံချိန်သစ်ကို စိုက်ထူ လိုက်ရာ အားပေးသူများ ကိုယ်တိုင် အံ့သြခဲ့ရ သည်။
”ကျွန်တော့် အနာဂတ်ကို အာဆင်နယ်နဲ့ အတူ ရှေ့ဆက်ဖို့ ရွေးချယ် လိုက်ပါတယ်။ နည်းပြ အာစင်ဝင်းဂါး နဲ့ စကားပြော ဖြစ်တဲ့နောက် ကျွန် တော့် အပေါ် အာဆင်နယ် က ဘယ်လောက် ယုံကြည် မျှော်လင့်နေတယ် ဆိုတာကို သိလိုက်ရ တယ်။ ပွဲစဉ်တိုင်းမှာ ကလပ်အသင်းနဲ့ ပရိသတ် တွေအတွက် ကျွန်တော် ပြန်ပြီး ပေးဆပ်သွား ပါ မယ်။ ခုချိန်မှာ ကျွန်တော် အဖြစ်ချင်ဆုံးဆန္ဒက အာဆင်နယ် နဲ့ ကင်းကွာနေတဲ့ ဆုဖလား တစ်လုံး ကို ရယူပေးနိုင်ဖို့ပါပဲ” ဟု လန်ဒန်သို့ ရောက်ရှိ လာပြီး အသင်းသစ်နှင့် အတူ ပွဲထွက်ရန် ပြင်ဆင် နေသည့် အိုဇေးလ်က ပြောကြားခဲ့သည်။
အိုဇေးလ်ကို ခေါ်ယူခဲ့ခြင်းသည် ဝင်းဂါး အနေဖြင့် နာမည်ကျော် ကစားသမား တစ်ဦး ဝယ်ယူမည် ဆိုသော ကတိ အတိုင်း အကောင်အ ထည်ဖော်မှုလည်း ဖြစ်လာသည်။
”အိုဇေးလ်ဟာ ထိပ်တန်း ကစားသမားတစ် ယောက် ဖြစ်ပါတယ်။ ဒါကို နိုင်ငံ အသင်းရော၊ ကလပ်အသင်း အဆင့်မှာပါ အကောင်းဆုံး သက် သေပြပြီးသားပါ။ သူ့ကစားပုံ ကို ကျွန်တော်တို့ စောင့်ကြည့်ခဲ့သလို သဘောလည်း ကျခဲ့ပါတယ်။ အသင်းရဲ့ အကောင်းဆုံး ရှိနှင့်ပြီးသား လူစာရင်း မှာ ထိပ်တန်း အရည်အသွေးနဲ့ ကစား သမား တစ်ယောက် ပေါင်းထည့်ခွင့် ရခဲ့တဲ့အတွက် ပျော်ရွှင် မိပါတယ်” ဟု အာဆင်နယ် အသင်းနည်း ပြ အာစင်ဝင်းဂါး က ပြောဆိုသွားသည်။
KYL
Ref:Dailymail
Popular Myanmar News Journal
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.