September 4, 2013

Wednesday, September 04, 2013

မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ခုနစ်ဆင့် ပါသော ရေတံခွန်တစ်ခုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၁၆ မိုင်ခန့်အကွာ ဆဒုံးမြို့နား မရောက်မီ တောနက်ကြီး တစ်ခုထဲတွင် အမှတ်မထင် တွေ့ရှိခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ ''အရင်တုန်းက ဒီတောက တအားနက်တယ်။ သစ်ပင်တွေ ထူတယ်။ပိန်းပိတ်အောင် ပေါက်ရောက်တယ်။ အဲဒီမှာ တရုတ်-မြစ်ကြီးနား ကမ်မန်စီလမ်းဖောက်တော့ သစ်ပင်တွေ ခုတ်ရင်းနဲ့ ဒီခုနစ်ဆင့် ရေတံခွန်ကို တွေ့တာပါ''ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ အမှတ်မထင် တွေ့ရှိခဲ့သော ခုနစ်ဆင့် ရေတံခွန်သည် ဆဒုံးမြို့နား၌ တွေ့ရသည့်အတွက် ဆဒုံးရေတံခွန်ဟု ခေါ်ဆိုကြပြီး ၎င်းရေတံခွန်ကို ၂၀၀၈ ခုနှစ်က တွေ့ရှိခဲ့ကြသော်လည်း နယ်မြေ မလုံခြုံခြင်းနှင့် မိုင်းများ ပေါများသောကြောင့် ဒေသခံများ အနေဖြင့် ရေတံခွန် အဆင့်သုံးဆင့် အထိသာ ရောက်ရှိကြပြီး ခုနစ်ဆင့်အထိ ရောက်ရှိခဲ့သူ အခိျု့လည်း ရှိကြောင်း သိရသည်။ 
ပြင်ဦးလွင်မှ နာမည်ကျော် ပွဲကောက် ရေတံခွန်သည် အဆင့်လေးဆင့်ခန့်သာ ရှိကြောင်း သိရပြီး ယင်းဒေသများကို လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးပြီး နယ်မြေ အေးချမ်းပါက ခရီးသွားများ အထူးနှစ်ခြိုက်စွာ သွားရောက် လည်ပတ်ကြမည် ဖြစ်ကြောင်း သိရသည်။ '' ဒီနေရာကို နောက်ပိုင်းမှာ နယ်မြေ အေးချမ်းပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးလိုက်ရင် နိုင်ငံခြားသား ခရီးသွားတွေရော ပြည်တွင်း ခရီးသွားတွေပါ အထူး နှစ်ခြိုက် လည်ပတ်ကြလိမ့်မယ် ''ဟု နိုင်ငံခြား လမ်းညွှန်တစ်ဦးက ပြောသည်။ ဆဒုံးရေတံခွန်သည် အဆင့်ခုနစ်ဆင့် ပါရှိသော ရေတံခွန်တစ်ခု ဖြစ်ပြီး အေးမြသော တောင်ကျရေများ၂၄ နာရီစလုံး စီးဆင်းနေပြီး ယခုချိန်ထိ ၎င်းရေတံခွန် အကြောင်း မည်သူမျှ တွင်တွင်ကျယ်ကျယ် မသိရှိသေးကြောင်း သိရှိရသည်။

ပြည်မြန်မာ

0 comments:

Post a Comment