September 6, 2013

Friday, September 06, 2013
ကားချင်းဆက်သွယ်သည့် နည်းပညာ အမေရိကန်တွင် အသုံးပြုမည်

တီထွင်ရင်း တီထွင်ရင်းနဲ့ ကားတွေဟာ ကြာလာတော့ သင်္ဘောတစ်စီး လိုပဲ ဖြစ်လာတော့မယ် ထင်ပါတယ်။ ကား အချင်းချင်း ဆက်သွယ် လို့ရအောင် တီထွင်လိုက်တဲ့ နည်းပညာ သစ်ကတော့ DSRS လို့ ခေါ်တဲ့ Dedicated Short Range Communication စနစ် ပဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု Michigan ပြည်နယ်က Ann Brbor မြို့ မှာ စတင် စမ်းသပ် အသုံးပြုနေပါပြီ။ သင်္ဘောတစ်စီးလိုပါပဲ တစ်စီးနဲ့တစ်စီး ရေဒါ စက်ဝိုင်းအတွင်းသို့ ရောက်လာရင် အချက်ပေးစနစ် အမျိုးမျိုးနဲ့ သတင်း ပို့ပြီး ယာဉ်တိုက်မှု အန္တရာယ်က ကင်းဝေးအောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ ကား တစ်စီးနဲ့ တစ်စီး လည်း ဆက်သွယ် စကားပြောလို့ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့ ယာဉ်စည်းကမ်း လုံခြုံရေး တပ်ဖွဲ့ ကားနဲ့ လုံခြုံရေး ကား များမှာ စတင် အသုံးပြုစေမှာ ဖြစ်ပါတယ်။ နောက်တော့မှ တစ်ဆင့်ချင်းစီ သာမန် ကားငယ် များအထိ အသုံးပြုစေမှာ ဖြစ်ပါတယ်။

ယင်း နည်းပညာ အရ ကားအားလုံးမှာ ရေဒါစနစ် ထည့်သွင်းနိုင်မယ့် OBD စနစ်လည်း လိုအပ်ပါသေးတယ်။ မြန်မာခေါ် ကားကွန်ပြူတာ Box ဖြစ်ပါတယ်။ ဒါ့အပြင် Alarm system အမျိုးမျိုးလည်း ပါရှိရအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ကားတစ်စီးရဲ့  နည်းပညာက တစ်နှစ်ထပ် တစ်နှစ် ပိုမို မြင့်တက်လာဖို့ပဲ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ၂ နှစ်၊ ၃ နှစ်အတွင်း အသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရ ပါတယ်။

credit: ColayAutomobile

0 comments:

Post a Comment