September 27, 2013

Friday, September 27, 2013


Samsung Galaxy S4 ကိုပဲ ရွှေရောင် ဗားရှင်းအဖြစ် Samsung တို့ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်း ကိုယ်စားပြု Samsung Gulf မှ အာရေဗိယျ ဘာသာနဲ့ ကြေညာလိုက်တဲ့ သတင်းနဲ့ ဓာတ်ပုံပါ။ ၎င်းတို့ Facebook Page မှာ ဖြစ်ပါတယ်။

ရွှေရောင်ကော၊ ရွှေရောင်နဲ့ ပန်းရောင် ရောစပ်ထားတဲ့ အရောင် ကိုကော မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အတွင်း Specification များကတော့ ထူးထူးခြားခြားပြောင်းလဲသွားမယ့် အနေအထားတော့ မရှိနိုင်ပါဘူး။ အပြင် အခွံအရောင်က ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်းမှာ ကရေနံသူဌေး နိုင်ငံများဖြစ်တဲ့ ဆော်ဒီ၊ ယူအေအီးတို့အတွက် ပိုမို ရည်ရွယ်တဲ့ ဖုန်း ဖြစ်ဖို့ များပါတယ်။ iPhone 5S ကို ရွှေရောင်မြင်တွေ့ရ မှုနဲ့ အတူ HTC One ကလည်း ရွှေရောင် ထုတ်လုပ်မယ့်သတင်း ထွက်ပေါ်လာပြီး Samsung လည်း ဒုတိယ လိုက်လာ ပါတယ်။

ရွှေရောင် Samsung Galaxy S4 ကို လပိုင်းအတွင်း မြင်တွေ့ရဖွယ် ရှိကြောင်း သိရပါတယ်။

Ref:mashable အောင်ခမ်း (TSJ Team)
TechSpace Journal

0 comments:

Post a Comment