
အကယ်ဒမီထူးချွန်ဆုအတွက် ၂၀၁၂ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင် ၁၇ ကား ထဲမှ ဆန်ခါတင်ခုနစ်ကားကို ရွေးချယ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှ စတင်၍ အကဲဖြတ်အဖွဲ့ ၀င် ၁၇ ဦးက ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သတင်းရရှိသည်။
အဆိုပါ ဆန်ခါတင်ရွေးချယ်ခဲ့သော ဇာတ်ကားခုနစ်ကားမှာ လက်ပံ၊ မော်ကင်းဥဒါန်း၊ ဥ၊ ကယန်းအလှ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေတို့ဖြစ်သည်။ ထိုရုပ်ရှင်ကားများကို စက်တင်ဘာ ၁၉ ရက်က ထပ်မံဖွဲ့စည်းလိုက်သည့် ဒါရိုက်တာ ဦးဇော်ထက်၊ ဒါရိုက်တာ ဦးမျိုးဇော်အောင်၊ ဓာတ်ပုံပညာရှင် ဦးဖေမြင့်ဦး၊ ဓာတ်ပုံပညာရှင် ဦးဆန်နီတင်၊ ဇာတ်ညွှန်းပညာရှင် ဒေါ်ခင်လေးသိမ့်၊ ဇာတ်ညွှန်းပညာရှင် ဦးချစ်ဦးညို၊ တည်းဖြတ်ပညာရှင် ဦးဆွေသက်၊ သရုပ်aဆာင် ဦးဌေးအောင်၊ သရုပ်ဆောင် စိုးသိမ်းထွဋ်၊ တေးဂီတပညာရှင် ဦးမောင်မောင်လတ်၊ တေးဂီတပညာရှင် ဦးလှဆန်းဦး၊ အသံပညာရှင် ဦးအေးမြင့်၊ အသံပညာရှင် ဦးကိုမြင့်၊ စာပေပညာရှင် ဦးနွမ်ဂျာသိုင်း၊ ရုပ်ရှင်ဝေဖန်ရေး ရေးသားသူ ဦးမြတ်ခိုင်၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးဝင်းသူတို့ပါဝင်သည့် အကဲဖြတ်အဖွဲ့က အကယ်ဒမီဆုများကို ရွေးချယ်ပေးသွားမည်ဖြစ်သည်။
ဆန်ခါတင်ဇာတ်ကားစာရင်းကို ထုတ်ပြန်ခဲ့သော်လည်း အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲ နေ့ရက်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။ ရုံတင်ပြသခဲ့သော ရုပ်ရှင်များမှာ အချစ်ကွိုင်၊ မေခင်ကညာ၊ ချစ်တယ်ပြောမှလွှတ်မယ်၊ ငါမင်း ကို...၊ သွားလူဆိုး ဒါမျိုးတော့ တတ်တယ်။ ဟက်ထိတယ်၊ အထာသစ်နဲ့ နှစ်ခါချစ်မယ် နှင့် ဆန်ခါတင် ရွေးချယ်ပြီးဖြစ်သော ဇာတ်ကားများအပါအ၀င် စုစုပေါင်း ဇာတ်ကား ၁၇ ကား ဖြစ်သည်။
ဆန်ခါတင်ရွေးချယ်ခဲ့သော ရုပ်ရှင်ကားများစာရင်းအရ ရဲအောင်၊ စိုးမြတ်သူဇာတို့က သုံးကား၊ န၀ရတ်၊ ကျော်ရဲအောင်၊ ဟိန်းဝေယံ၊ ခန့်စည်သူတို့က နှစ်ကားစီနှင့် ခုနစ်ကားတွင် အများဆုံးပါဝင်သော သရုပ်ဆောင်များ ဖြစ်သည်ကို တွေ့ရသည်။
7Day Daily
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.