August 11, 2013

Sunday, August 11, 2013
ရုပ်သံလိုင်းအားလုံး ပူးတွဲအသုံးပြုရမည့် တာဝါတိုင် အသစ်တစ်ခုကို ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခွင့် ရရှိကြောင်း၊ အဆိုပါ တာဝါတိုင်ကို လာမည့် ၂၀၁၄ ခုနှစ် အစပိုင်း၌ စတင်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ တာဝါတိုင်ကို ဟံသာဝတီအဝိုင်းအနီးရှိ (ရန်ကုန်) မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်း အတွင်း၌ တည်ဆောက်နေခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ပညာရှင်များပူးပေါင်း၍ ဆောင်ရွက်လျှက် ရှိသည်ဟု သိရသည်။ ပြန်ကြားရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည့် တာဝါတိုင် အသစ်ကို ပြည်တွင်းရှိ ရုပ်သံလိုင်းအားလုံး တွဲဖက် အသုံးပြုရမည်ဟု သိရသည်။

ရတနာပုံ

0 comments:

Post a Comment