August 11, 2013

Sunday, August 11, 2013
နော်ဝေအစိုးရ၏ အစုရှယ်ယာပါဝင်သော Telenor Group သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာ တစ်ခုနေဖြင့် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊ ၎င်း၏ အော်ပရေတာ လုပ်ကိုင်ခွင့်၌ Huawei သည် ၎င်းအနေဖြင့် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိခဲ့သည့် ပရောဂျက်များ၌ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် ရှိသည်ဟု အမည်ထုတ်ဖော် မပြောလိုသော သတင်းအရင်းအမြစ်က ဆိုသည်။ Telenor Group သည် မြန်မာနိုင်ငံသို့ ဝင်ရောက်မလာခင် ၂၀၀၆ ခုနှစ် ကတည်းက Huawei ကုမ္ပဏီနှင့် Partner အဖြစ် ပူးပေါင်းကာ လုပ်ငန်းများကို လုပ်ကိုင်ဆောက်ရွက်ခဲ့ဖူးသည်ဟု သိရသည်။ Huawei သည် Telenor အတွက် Core Network တည်ဆောက်ပေးခြင်းများ၊ Value Added ဝန်ဆောင်မှုများ Transmission တည်ဆောက်ခြင်း၊ Intelligent Network တည်ဆောက်ပေးခြင်းနှင့် ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများ တင်သွင်းပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သွားမည်ဟု သိရသည်။

ရတနာပုံ

0 comments:

Post a Comment