August 11, 2013

Sunday, August 11, 2013
သယ်ယူပို့ဆောင်ရေး ဌာနဟာ Google Glass အသုံးပြုးမယ့် ကားမောင်းသူတွေကို အရေးယူမှာဖြစ်ကြောင်း စတင်ကြေညာလိုက်ပါတယ်။ Google မှ ထုတ်လုပ်မယ့် စမတ်မျက်မှန်ဟာ လက်ရှိအချိန်မှာ သုံးစွဲသူတွေအတွက် ထုတ်လုပ်ခြင်းမရှိဘဲ ပြင်ဆင်ဆဲကာလ ဖြစ်ပါတယ်။ မော်တော်ယာဉ် မတော်တဆ မဖြစ်ပွားစေဖို့ ရည်ရွယ်ပြီး ရဲများနှင့်အတူတကွ လုပ်ဆောင်သွားမှာပါ။ Google Glass ကို အနည်းဆုံး ၂၀၁၄ အထိ ယူကေ၌ ရောင်းချဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မကြာသေးခင်က အမေရိကန်မှာ Google Glass ကို Developer များအတွက် ထပ်မံတွန်းအားပေး ထုတ်လုပ်ခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေး ဌာနဟာ Google မှ တရားဝင် ထုတ်လုပ်ဖို့ တစ်နှစ်အလိုမှာ Google Glass တပ်ဆင်ထားပြီး ကားမောင်းခြင်းကို တရားမဝင် သတ်မှတ်ဖို့ စတင်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ Stuff မဂ္ဂဇင်းမှာ ၎င်းမျက်မှန်မှာ ပါဝင်မယ့် Display စနစ်က ကားမောင်းသူတွေကို အနှောက်အယှက် ဖြစ်စေမယ်လို့ အစိုးရမှာ ယူဆကြောင်း ဖော်ပြခဲ့တယ်။

ရတနာပုံ

0 comments:

Post a Comment