August 11, 2013

Sunday, August 11, 2013
မိုဘိုင်းအော်ပရေတာ O2 ဟာ ၎င်းတို့ရဲ့ superfast 4G နက်ဝပ်အား လန်ဒန်၊ လိဒ်နဲ့ ဘရက်ဖို့မြို့များမှာ သြဂုတ် ၂၉ ရက်နေ့၌ စတင် ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါဟာ ပြိုင်ဖက်ကုမ္ပဏီ EE ရဲ့ လက်ရှိ ကြေညာထားတဲ့ ဝန်ဆောင်မှုနဲ့ ယှဉ်ပြိုင်ဖို့ပါ နောက်ထပ် ဆယ်မြို့ကိုလည်း ယခုနှစ်မကုန်ခင် Superfast 4G Network ဝန်ဆောင်မှု ပေးအပ်သွားမှာ ဖြစ်ပြီး ၎င်းတို့ကတော့ ဘာမင်ဂန်၊ နယူးကာဆယ်၊ ဂလက်စကို၊ လီဗားပူး၊ နော်တင်ဟန်၊ လက်စက်စတာနဲ့ အီဒင်ဘက်ခ်တို့ ဖြစ်ပါတယ်။ ၎င်းဝန်ဆောင်မှုဟာ 3G နက်ဝပ်ထက် ငါးဆ ဝန်းကျင် ပိုမိုမြန်ဆန်ပြီး စတာလင်ပေါင် ၂၆ လစဉ်ကြေးနဲ့ တစ်နှစ်စာ အခမဲ့ ဂီတဝန်ဆောင်မှုတို့နဲ့အတူ O2 မှ တိုက်ရိုက် ပေးအပ်သွားမှာပါ။

ရတနာပုံ

0 comments:

Post a Comment