August 11, 2013

Sunday, August 11, 2013

Motorola မှနေ၍ သတင်းများကြိုတင်ထွက်ပေါ်နေသည့်အတိုင်း ယမန်နေ့ က Moto X ဖုန်းကို ကြေငြာမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ယခုဖုန်းသည် Google မှ Motorola ကိုဝယ်ယူပြီးနောက် ပထမဆုံးထွက်ရှိလာသော ဖုန်းဖြစ်ပါတယ်။ Moto X ဖုန်းတွင် Qualcomm Snapdragon S4 Pro Chipset ကိုအသုံးပြုထားပြီး Dual Core 1.7GHz Krait Cores၊ Adreno 320 GPU နှင့် 2GB RAM တို့ ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အခြား Spces များအနေနဲ့  ကတော့ -

- 4.7 လက်မ AMOLED Display (316 ppi)
- Corning Gorilla Glass (Magic Glass)
- 16/32 GB Internal Sotrage (Micro SD Card Slot တော့ပါဝင်ခြင်းမရှိပါ)
- ClearPixel Technology ကိုအသုံးပြုထားသော 10 Megapixel Camera
- အရှေ့ကင်မရာအနေနဲ့  2 Megapixel Camera
- Android 4.2 Jelly Bean
- 130 grams
- 2200 mAh ဘက်ထရီ

Motorola မှနေ၍ Moto X ဖုန်းကို မိမိကြိုက်နှစ်သက်သော အရောင်နှင့် ရွေးချယ်ဝယ်ယူနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အရှေ့မျက်နှာပြင်ကို အဖြူ (သို့ ) အမည်း ရွေးချယ်နိုင်ပြီး အနောက်ဘက်ကိုတော့ အရောင် ၁၈ မျိုးထဲမှ ကြိုက်ရာ ရွေးချယ်နိုင်ကြောင်း သိရပါတယ်။ ထို့ အပြင် ကင်မရာအနားက အ၀ိုင်းလေးနဲ့  ခလုတ်များကိုလည်း မိမိကြိုက်နှစ်သက်သလို ရွေးချယ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဖုန်း အနောက်ဘက်တွင်လည်း မိမိရေးသားလိုသော စာသားများကို ရေးသားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Moto X ကိုယခုလောလောဆယ်တွင် United States၊ Canada နှင့် Latin America မှာသာစတင်ရောင်းချမှာ ဖြစ်တယ်လို့  သိရပါတယ်။

Source : GSMArena

0 comments:

Post a Comment