အခြေခံ ပညာအဆင့် အင်္ဂလိပ်စာအဆင့် မြှင့်သင်ရိုးအားလာမည့် ပညာသင် နှစ်တွင် စတင်သင်ကြားနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့သင်ကြားနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ဗြိတိသျှ ကောင်စီတို့ 
ပူးပေါင်းကာသင်ရိုး ရေးဆွဲနေပြီဖြစ်ပြီး လာမည့်ပညာ သင်နှစ်တွင် 
သင်ကြားနိုင်ရန်အ ကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း ပညာရေးဝန်ကြီး 
ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး ကပြောသည်။
''အခုလက်ရှိအနေနဲ့ ပညာ ရေးဝန်ကြီးဌာနကနေဗြိတိသျှ ကောင်စီကိုလိုအပ်တဲ့ 
အကြံပြု ချက်တွေ တောင်းခံနေဆဲပါပဲ။ သင်ရိုးအဆင့်မြှင့်တင်ဖို့ ပရော 
ဂျက်တွေကနေ တစ်ဆင့်လိုအပ် တဲ့နေရာတွေကိုထပ်ဖြည့်၊ ဖြုတ် တာတွေလုပ်မယ်။ 
အဓိကစကား ပြောအပိုင်းကို အလေးထားထည့် သွင်းဖို့ရှိပါတယ်''ဟု ဆိုသည်။
အင်္ဂလိပ်စာဘာသာရပ်အ ဆင့်မြှင့်တင်ရန် လက်ရှိတွင်သင် ရိုးအနေအထား၊ ဆရာ၊ ဆရာမ 
များ၏ အရည်အချင်း၊ စာသင်ခန်း နှင့် ကျောင်းသားများ၏ အခြေအ နေများကိုကြည့်၍ 
အကြံပြုချက် များတင်ပြသွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သိရသည်။
ဗြိတိသျှကောင်စီမှ အင်္ဂလိပ် စာသင်ကြားရေးဖွံ့ဖြိုးတိုးတက် 
မှုမန်နေဂျာဒေါက်တာခိုင်ဖြူထွဋ် က ''ဗြိတိသျှကောင်စီအနေနဲ့ အင်္ဂ 
လိပ်စာအပိုင်းကို လက်ရှိတာဝန် ယူထားပါတယ်။ တာဝန်ယူတဲ့နေ ရာမှာ 
နိုင်ငံခြားကအသိပညာရှင် တွေကိုဖိတ်ခေါ်ပြီး လုပ်ဆောင် နေပါတယ်။ 
ဘာသာစကားဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဩစတြေးလျ ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ AU 
SAID နဲ့ ယူနီဆက်ဖ်တို့က ပညာရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ 
ပူးပေါင်းပြီး အခြေခံဘာသာစကား ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့နဲ့ပြောင်း 
လဲမှုတွေလုပ်ဆောင်နိုင်ဖို့အကြံ ပြုချက်တောင်းဆိုပြီး လုပ်ဆောင် နေပါပြီ''ဟု
 ဆိုသည်။
လက်ရှိပညာရေးစနစ်အရ သင်ရိုးကုန်သင်ကြားပြီး အလွတ် ကျက်ဖြေသည့်စနစ်အား ဦးစွာ
 ပြောင်းလဲသင့်ပြီး အင်္ဂလိပ်စာသင် ရိုးကို ပြုပြင်ပြောင်းလဲမည်ဆိုပါ ကလည်း 
စာမေးပွဲစနစ်နှင့် မေးခွန်း ပုံစံ ကိုလည်းတစ်ပါတည်းပြောင်း 
လဲရန်လိုအပ်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေ ဖြင့်အခြေခံပညာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်
 ရွက်လျက်ရှိရာတွင် ဘာသာရပ် ဆိုင်ရာသင်ရိုးညွှန်းတမ်းများ ဖြည့် စွက်ခြင်း၊
 သင်ကြားခြင်းနှင့်ပြင် ဆင်သတ်မှတ်ခြင်းများကို ခေတ် စနစ်နှင့်လျော်ညီအောင်
 ဆောင် ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
August 28, 2013
          
Subscribe to:
Post Comments (Atom)

 
 
0 comments:
Post a Comment