August 28, 2013

Wednesday, August 28, 2013
မြန်မာ့ဆက်သွယ်ရေး ကွန်ရက်များ လုံခြုံရေးအတွက် Microsoft ကုမ္ပဏီမှ အာရှဒေသဆိုင်ရာ လုံခြုံရေးနှင့် အကြံပေး အရာရှိချုပ် Mr.Pierre Noel သည် မြန်မာနိုင်ငံသို့ လာရောက်ကာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဟောပြောပွဲတစ်ရပ် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးဇော်မင်းဦးက The Voice သို့ ပြောကြားသည်။

ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့ဆက်သွယ်ရေး ကွန်ရက်များ လုံခြုံရေး၊ ဆိုက်ဘာ လုံခြုံရေးများ၊ ကွန်ပျူတာကွန်ရက် လုံခြုံရေးများနှင့် ပတ်သက်၍ ၎င်းထံမှ အတွေ့အကြုံများ၊ ဆွေးနွေးအကြုံပြုချက်များ ရယူရန်အတွက် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယင်းဟောပြောပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ဦးစီးကျင်းပခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ အရေးပေါ်လုံခြုံရေး တုံ့ပြန်ဖော်ဆောင်ရေးအဖွဲ့ (MMCERT) မှ အဖွဲ့ဝင်များနှင့် အစိုးရဌာန အသီးသီးမှ သတင်းအချက်အလက်များဆိုင်ရာ အရာရှိချုပ်များ တက်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Microsoft ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ လုံခြုံရေးနှင့် အကြံပေး အရာရှိချုပ်ဖြစ်သော Mr. Pierre Noel သည် သတင်းအချက်အလက် လုံခြုံရေးနှင့် အခက်အခဲ ဖြေရှင်းနည်းဆိုင်ရာ စီမံခန့်ခွဲမှုများကို ၂၅ နှစ်ကျော် အတွေ့အကြုံရှိသူ ဖြစ်သည်။

ထို့အပြင် Mr. Pierre Noel သည် ဟောင်ကောင်အစိုးရ၏ နည်းပညာ လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိ၊ ဗြိတိန် ရဲတပ်ဖွဲ့နှင့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတို့တွင် အကြံပေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။

The Voice

0 comments:

Post a Comment