September 7, 2013

Saturday, September 07, 2013
 
 
မစ္စစူပရာနေရှင်နယ်ပြိုင်ပွဲကို ၀င်ရောက်ရှင်ပြိုင်ခဲ့တဲ့ မြန်မာ့အလှမယ် ခင်ဝင့်ဝါအနေနဲ့ သူမရရှိထားတဲ့ ဆုလေးဆုနဲ့အတူ စက်တင်ဘာလ ၈ ရက် နံနက် ၁၁း၄၅နာရီမှာ ရန်ကုန်လေဆိပ်ကိုပြန်လည်ရောက်ရှိမှာဖြစ်ပြီး သူမကိုလာရောက် ကြိုဆိုနိုင်တယ်လို့ သိရတယ်။

မစ္စစူပရာနေရှင်နယ်ပြိုင်ပွဲကို ၀င်ရောက်ခဲ့တဲ့ ခင်ဝင့်ဝါက မစ်အင်တာနက်ဆု အပါအ၀င် ဆုပေါင်းလေးဆုကို ရရှိခဲ့ပြီး ရတဲ့ ဆုငွေအားလုံးကို ပရဟိတဒါန ပြုသွားမှာဖြစ်ပြီး Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရတယ်။

“ညီမ စကာတင်(၂၀)ထဲမှာပါဝင်ခဲ့ပြီး Miss Internet ဆုရတဲ့အတွက် ၀မ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်... ဒီဆုတွေက ပရိသတ်ကြီး ပေးခဲ့တဲ့ဆုပါ... ညီမ အနေနဲ့ ဆုငွေအားလုံးကို ပရဟိတ အလှူဒါနပြုသွားမှာဖြစ်ပါတယ်။ညီမ မြန်မာပြည်ကို ရောက်တဲ့အခါ ညီမကို မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေလုပ်သွားမှာပါ။အဲဒီက ရရှိလာတဲ့ဝင်ငွေရဲ့ ၃၀ရာခိုင်နှုန်းကို လူမှုအကျိုးပြု ပရဟိတအလုပ်တွေ အတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်... ညီမ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မြန်မာတစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်ရှင့်... ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်” လို့ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ တင်ထားပါတယ်။

ခင်ဝင့်ဝါရရှိခဲ့တဲ့ ဆုတွေက Miss Internet ,Most Beautiful Girl in the World, People Choice Award နဲ့
Face of Miss Supranational ဆုတို့ဖြစ်ပါတယ်။ မြန်မာ အလှမယ်ခင်ဝင့်ဝါ
က စကာတင်လက်ရွေးစင်ဖိုင်နနယ်လစ်စာရင်းဝင်ခဲ့ပါတယ်။
Miss Supranational ဆုကို ဖိလစ်ပိုင်အလှမယ်က ရရှိခဲ့ပါတယ်။

The Modern News Journal

0 comments:

Post a Comment