July 23, 2013

Tuesday, July 23, 2013

ဂျော်ဂျီယာနိုင်ငံမှ အသက် ၆၅ နှစ် အရွယ်ရှိ ဂျင်းနီပိုမီရိုင်းဆိုသူ အမျိုးသမီးကြီးသည် ပုရွက်ဆိတ်ကိုက် ခံရ ပြီးနောက် ပြင်းထန်သည့် ဓာတ်မတည့်ခြင်း ဝေဒနာဖြင့် သေဆုံး သွားခဲ့ကြောင်း WSBTV သတင်းဌာနက ဖော်ပြခဲ့သည်။

သေဆုံးခဲ့သည့် ဂျင်းနီသည် ဂျော်ဂျီယာနိုင်ငံမှ မျက်မမြင်များအား ကူညီစောင့်ရှောက်ရေး အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဖြစ်ကြောင်း သိရသည်။

ဂျင်းနီသည် သဘာဝ အဆိပ်တစ်မျိုးရှိသည့် ပုရွက်ဆိတ်
အကိုက်ခံရပြီး နောက်ပိုင်းတွင် သွေးလန့်ခြင်း ဝေဒနာကြောင့် ယားယံခြင်း၊ မျက်စိ နီမြန်းခြင်း၊ ပျို့အန်ခြင်း၊ ပါးစပ်၊ လျှာ ရောင်ရမ်းခြင်း၊ ရင်ကျပ်ခြင်း၊ ရုတ်တရက် သွေးပေါင်ကျခြင်း စသည့် ဝေဒနာများကို ခံစားရပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂျင်းနီ ကွယ်လွန်သွားခြင်းသည် မိမိတို့ အဖွဲ့အစည်းအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ကြောင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သည့် ဂျင်းနီအား မိမိတို့ အားလုံးက ထာဝရ သတိရသွားမည် ဖြစ်ပြီး မိသားစုနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း မျက်မမြင်များအား ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ပူးတွဲ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒေါက်တာ စကော့ထ်ပတ်စတာနှင့် အေမီဟတ်ချင်ဆန်တို့က ပြောကြားခဲ့သည်။

Credit: မြ၀တီ

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.