July 23, 2013

Tuesday, July 23, 2013

ဘာစီလိုနာနည်းပြအဖြစ် မာတီကိုအား ခန့်အပ်မည် မာတီနိုသည် တောင်အမေရိကမှ စပိန်နိုင်ငံသို့ အင်္ဂါနေ့တွင် ရောက်ရှိလာပြီး ဘာစီလိုနာ နည်းပြရာထူးအတွက် (၃)နှစ် စာချုပ်ကို လက်မှတ် ရေးထိုးမည်ဖြစ်

ဘာစီလိုနာ အသင်းသည် အံ့ဩဖွယ်ရာ လုပ်ဆောင်မှု တစ်ခုအဖြစ်
အသင်းနည်းပြ ရာထူးတွင် ဂီရာဒို မာတီနိုအား ခန့်အပ်ရန် ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ မာတီနိုသည် တောင်အမေရိကမှ စပိန်နိုင်ငံသို့ အင်္ဂါနေ့တွင် ရောက်ရှိလာပြီး ဘာစီလိုနာ နည်းပြရာထူးအတွက် (၃)နှစ် စာချုပ်ကို လက်မှတ် ရေးထိုးမည်ဖြစ်သည်။ ၎င်းသည် ကင်ဆာရောဂါ အရှင်းပျောက်ကင်းရေး ကုသမှုခံယူရန် ရာထူးမှ နုတ်ထွက်သွားသည့် နည်းပြဟောင်း တီတိုဗီလာနိုဗာ နေရာတွင် အစားဝင်မည် ဖြစ်သည်။ စပိန်ချန်ပီယံ အသင်းအနေဖြင့် ဗီလာနိုဗာ နေရာတွင် ဆက်ခံရန် ဥရောပ အတွေ့အကြုံ လုံးဝမရှိသော မာတီနိုကို ရွေးချယ်လိုက်ခြင်းသည် အံ့ဩစရာ အခြေအနေ တစ်ရပ်လည်း ဖြစ်သည်။

မာတီနိုသည် ပါရာဂွေး လက်ရွေးစင် အသင်းကို ဦးဆောင်ဖူးပြီး ကလပ်အသင်း အဆင့်တွင် တောင်အမေရိက ကလပ်များကိုသာ ကိုင်တွယ်ခဲ့ဖူးသည်။ ဘာစီလိုနာ နည်းစနစ် ဒါရိုက်တာ အန်ဒိုနီ ဇူဘီဇာရက်တာက မာတီနိုကို နည်းပြအဖြစ် ခန့်အပ်ရန် အဓိက ထောက်ခံခဲ့ကြောင်း သိရသည်။ မာတီနိုသည် အာဂျင်တီးနားတွင် လူအများ လေးစားခံရသော နည်းပြတစ်ဦးအဖြစ် ရပ်တည်နေသလို ဘာစီလိုနာမှ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေး ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Credit: Planet Myanmar Network

0 comments:

Post a Comment