August 20, 2013

Tuesday, August 20, 2013

အီစတန်ဘူလ်ရှိ သုတေသီများ စမ်းသပ်ထားသည့် ယုန်ငယ်များသည် အမှောင်ထဲတွင် စိမ်းဖန့်ဖန့်အရောင် တောက်ပလင်းလက်လျှက် ရှိလာသည်ကို တွေ့ရှိနိုင်မည်ဖြစ်

တူရကီနိုင်ငံ၊ အီစတန်ဘူလ်မှ သိပ္ပံပညာရှင်များသည် သဘာဝအတိုင်း ရှင်သန်နေထိုင်သော ယုန်ငယ်များကို တလက်လက် တောက်ပအောင် DNAပြုပြင်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ယခုအခါ အီစတန်ဘူလ်ရှိ သုတေသီများ စမ်းသပ်ထားသည့် ယုန်ငယ်များသည် အမှောင်ထဲတွင် စိမ်းဖန့်ဖန့်အရောင် တောက်ပလင်းလက်လျှက် ရှိလာသည်ကို တွေ့ ရှိနိုင်မည် ဖြစ်သည်။ ယုန်အမ တစ်ကောင်ထံမှ ပေါက်ဖွားလာသည့် ယုန်ငယ် (၂)ကောင်သည် အမှောင်ထုထဲတွင် လင်းလက်နေနိုင်အောင် ဂျယ်လီငါးထံမှ DNAကို ရယူ သွပ်သွင်းပေးထားခြင်း ဖြစ်သည်။ တူရကီနှင့် ဟာဝိုင်အီတို့မှ DNA နည်းပညာ လေ့လာသူ သုတေသီ တစ်စုသည် ယုန်မတစ်ကောင်၏ သားအိမ်ထဲမှ သားလောင်းများကို အဆိုပါ DNA ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။

ယခုလေ့လာမှု၏ အဓိက ရည်ရွယ်ချက်သည် မျိုးဗီဇ ရောစပ်စမ်းသပ်မှုများ၏ စပ်ယှက် အလုပ်လုပ်နိုင်စွမ်းကို ခြေရာခံနိုင်ရန်သာ ဖြစ်သည်။ ပညာရှင်များ က ယခုကဲ့သို့သော စမ်းသပ်မှုမျိုးဖြင့် ပိုးဟပ်များ၊ ကြောင်များ၊ ငါးများ၊ သိုးများနှင့် မျောက်များ၌ပါ အရောင်တောက်ပလာအောင် ဖန်တီးနိုင်မည် ဟု မျှော်လင့်ထားသည်။ မျိုးရိုးဗီဇ DNAကို နိုင်နင်းစွာ ကိုင်တွယ်မှုသည် အနာဂတ် ဆေးပညာ ကဏ္ဍတွင် အထောက်အကူ ဖြစ်စေပြီး ရောဂါများကို တိုက်ထုတ်နိုင်စွမ်း ရှိလာရန် ပညာရှင်များက မျှော်လင့်ထားသည်။

ဟာဝိုင်အီ တက္ကသိုလ်မှ ပညာရှင်များသည်လည်း ယခုပရောဂျက်တွင် ပူးပေါင်းခဲ့ပြီး ရလဒ်အပေါ် ကျေနပ်လျှက်ရှိသည်။ ယုန်များသည် မိမိတို့၏ မျိုးနွယ်တူ ညီအစ်ကို မောင်နှမများကဲ့သို့ အဖြူရောင်ပင် ရှိသော်လည်း ညဘက်အမှောင်ထဲတွင် လင်းလက်နေခြင်း ဖြစ်သည်။ ယခုစမ်းသပ်မှုကို တိရစ္ဆာန် အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက စိုးရိမ်လျှက်ရှိသည်။ အဆိုပါ စမ်းသပ်မှုမျိုးကို အခြားသော ရည်ရွယ်ချက်များဖြင့် (၂၀၀၀)ပြည့်နှစ်က ချီကာဂိုတွင် ပြုလုပ်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.