August 20, 2013

Tuesday, August 20, 2013

ဆင်းရဲသားများအား မကူညီဘဲ နည်းပညာ မျိုးဆက်သစ်များကိုသာ ထောက်ပံ့မှုများအား ဘီလ်ဂိတ်ဝေဖန်


မိုက်ခရိုဆော့ဖ်သူဌေး ဘီလ်ဂိတ်က နိုင်ငံတကာရှိ ငွေကြေးခိျု့တဲ့ ဆင်းရဲနွမ်းပါးသူများအား ကူညီရာတွင် တစ်စုံတစ်ရာ အားထုတ်မှု မရှိဘဲ မျိုးဆက်သစ် နည်းပညာရှင်များ မွေးထုတ်နိုင်ရေးကိုသာ အဓိက ဦးစားပေးနေသည့် နည်းပညာကုမ္ပဏီ အများစု၏ ငွေကြေးထောက်ပံ့မှုများကို ဝေဖန်လိုက်သည်။ ၎င်းအနေဖြင့် ကိုယ်ပိုင်လူမှုကူညီရေး ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ကမ္ဘာ့ကလေးငယ်များ၏ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ စသည့် အပိုင်းများကို အဓိက ဖြည့်ဆည်းပေးလျက် ရှိသည်။ နိုင်ငံတကာတွင် နည်းပညာ ထုတ်ကုန်နှင့် ၀န်ဆောင်မှုပိုင်း၌ ၀င်ငွေရရှိမှု အလွန်မြင့်မားသော နည်းပညာ အဖွဲ့အစည်း များစွာ တိုးပွားလာခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဆင်းရဲနွမ်းပါးသူများအား ကူညီခြင်းကို ပြုလုပ်လေ့ မရှိဘဲ ၎င်းတို့၏ အကျိုးအတွက် နည်းပညာ မျိုးဆက်သစ် ရှာဖွေမှုများကိုသာ ကြိုးစားနေကြရာ ဘီလ်ဂိတ်က အခြေခံကျသည့် အရာကို လျစ်လျူရှုပြီး အခြေခံ မဟုတ်သည့် အရာများအပေါ် အလေးထားကြသူများဟု ဝေဖန်ခဲ့သည်။

ဘလွန်းဘတ်ဂ် သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘီလ်ဂိတ်က ”ကမ္ဘာပေါ်မှာ ဆင်းရဲမွဲတေမှုကြောင့် သေဆုံးရတဲ့လူတွေ အများအပြား ရှိနေပါတယ်။ ခင်ဗျားဟာ ငှက်ဖျားရောဂါနဲ့ သေရတော့မယ့် အခြေအနေမှာ ရှိနေရင် ဘာကို မျှော်လင့်မှာလဲ။ လုံလောက်တဲ့ ဆေးဝါးကုသမှု တစ်ခုကို တောင်းတမှာပါ။ နည်းပညာနဲ့ချမ်းသာလာတဲ့ သူတွေဟာ အချိန်တို အတွင်းမှာ ငွေကြေး ကြွယ်ဝမှု အလွန် မြင့်မားသွားကြပါတယ်။ ဒါတွေက မျက်မြင်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့အနေနဲ့ ဆင်းရဲသားတွေကို ကူညီဖို့ အသိစိတ် ၀င်လာအောင် ကျွန်တော် အားပေးချင်ပါတယ်” ဟု ပြောကြားခဲ့သည်။ဘီလ်ဂိတ်သည် ကမ္ဘာ့ ဒုတိယအချမ်းသာဆုံး သူဌေးကြီးအဖြစ် ဆက်လက်ရှိနေသော်လည်း ၎င်းပိုင်ဆိုင်သည့် စည်းစိမ်တစ်ဝက်အား လူမှုလုပ်ငန်းများတွင် အသုံးချသွားမည့် စေတနာရှင် မဟာသူဌေးကြီးများ အဖွဲ့အစည်းတွင် ပါဝင်ထားသူ ဖြစ်သည်။ လက်ရှိအချိန်တွင် ဇနီးဖြစ်သူ မလင်ဒါဂိတ်နှင့် အတူ ကမ္ဘာ့ကလေးငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းကို ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွင်း ကြိုးစား လုပ်ဆောင်လျက် ရှိသည်။

swesone

0 comments:

Post a Comment