August 14, 2013

Wednesday, August 14, 2013

အမေရိကန် ဟဲဗီးဝိတ်တန်း ရှုံးပွဲမရှိ စံချိန်တင် လက်ဝှေ့ကျော် ဒီအွန် တေးဝိုက်ဒါသည် ကမ္ဘာ့ ချန်ပီယံဟောင်း တစ်ဦးဖြစ် သော ဆာဂျီလီယာ ခိုဗစ်ခ်ျအား ကာလီဖိုး နီးယား ကြိုးဝိုင်း၌ ကျင်းပသော ပွဲစဉ်၌ ပထမအချီ နှစ်မိနစ်အတွင်း မှာပင် အလဲထိုး အနိုင်ယူ နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၇နှစ်ရှိ ဝိုက်ဒါသည် ယခုအခါတွင် ၎င်း၏ ပြိုင်ဘက် ၂၉ဦးအား ဆက်တိုက် အနိုင်ယူကာ ရှုံးပွဲမရှိစံချိန် တင်ထား နိုင်ပြီ ဖြစ်သလို အပြင်းထန်ဆုံး စိတ်ခေါ်ပွဲတစ်ပွဲကို ထပ်မံထိုးသတ်ရန် အတွက်လည်း မျှော်မှန်းထားကြောင်း သိရသည်။

ဝိုက်ဒါသည် ယခု ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် ၎င်း၏ ဘီလာရုစ် ပြိုင်ဘက်အား စွမ်းအား အပြည့်ပါသော ညာလက်သီး နှစ်ချက် တည်းဖြင့် ပထမအချီ၏ နှစ်မိနစ်ပင် မပြည့်သော အချိန်ပိုင်းလေး အတွင်းမှာပင် အလဲထိုး အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မိမိသည် ယခုပွဲစဉ်တွင် အနိုင်ရရှိခြင်းအား ထူးထူးခြားခြား ဝမ်းမြောက် ပျော်ရွှင်မိကြောင်း၊ မိမိ၏ အောင်ပွဲခံနိုင်မှု လျှို့ဝှက်ချက်သည် စွမ်းအားမဟုတ် မိမိ၏အရှိန်နှုန်းဟု ထင်မိကြောင်း ၂ဝဝ၈ခုနှစ် အိုလံပစ်ကြေးတံဆိပ် ဆုရှင် ဝိုက်ဒါ က ပြောကြားထားသည်။

မြ၀တီ

0 comments:

Post a Comment