August 15, 2013

Thursday, August 15, 2013


အောင်သုတ
တရုတ်ရုပ်သံဌာန Hunan TV ရဲ့ ဖော်ပြချက်အရ တရုတ်ပြည်ရဲ့ ငွေကြေးအကြွယ်ဝဆုံး မင်းသမီးတွေထဲ မှာ မင်းသမီးချောကျန်းကျီယိက ထိပ်ဆုံးက ရပ်တည်နေတယ်လို့ Yahoo Entertainment သတင်းက ဖော်ပြခဲ့ပါတယ်။
Hunan TV ဟာ ဟောင်ကောင်၊ တရုတ်ပြည်မနဲ့ ထိုင်ဝမ်အခြေစိုက်မင်းသမီးတွေရဲ့ ကြော်ငြာတွေက ၀င်ငွေ၊ ဂီတမှတ်တမ်း၊ ရုပ်ရှင် နဲ့တခြားအနုပညာလှုပ်ရှားမှုတွေကနေ ရရှိတဲ့ဝင်ငွေတွေကို တွက်ချက်ပြီး အချမ်းသာဆုံး မင်းသမီး ၁၀ဦးကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၀၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Crouching Tiger, Hidden Dragon” ဇာတ်ကားနဲ့ နာမည်ကြီးလာတဲ့ တရုတ်မင်းသမီး ကျန်းကျီယိက၀င်ငွေ အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၆ သန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျန်းကျီယိဟာ ပြီးခဲ့တဲ့နှစ်တွေ ထဲမှာ “House Of Flying Daggers”၊ “Memoirs Of A Geisha” စတဲ့ရုပ်ရှင်ကားတွေအပြင် အခြား ဇာတ်ကား၊ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်အောင်မြင်ခဲ့တာကြောင့် ၀င်ငွေတိုးမြင့်လာခဲ့ကာ အချမ်းသာဆုံးမင်းသမီးဖြစ် လာခဲ့တာပါ။
ဒုတိယနေရာမှာတော့ အခြားနာမည်ကျော်တစ်ဦးဖြစ်တဲ့ မက်ဂီချန်းက ရပ်တည်နိုင်ခဲ့ပြီး “Memoirs Of A Geisha” ဇာတ်ကားမှာ ကျန်းကျီယိနဲ့ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဂေါင်လီက တတိယနေရာ မှာရပ်တည်နေခဲ့ပါတယ်။ စတုတ္ထနေရာမှာတော့ အနုပညာကြေးတွေအပါအ၀င် စီးပွားရေး လုပ်ငန်းတွေ က၀င်ငွေတွေနဲ့ပါ ၀င်ငွေတိုးပွားလာခဲ့တဲ့ “Bends” ဇာတ်ကားရဲ့မင်းသမီး ကာရီနာလူက ရပ်တည်နေခဲ့ပါတယ်။

0 comments:

Post a Comment