စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ်တွင် သြဂုတ် ၂၃ရက်
ညနေ ၅နာရီခန့်က တစ်ကြိမ်၊ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က တစ်ကြိမ် စုစုပေါင်း
နှစ်ကြိမ် မိုးကြိုးပစ်၍ လူနှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ပုဏ္ဏားကြီးကျေးရွာ၏ အရှေ့မြောက်ဘက် ၅ဖာလုံခန့်
အကွာနေရာတွင် မိုးသည်းထန်စွာရွာ သွန်းခဲ့ပြီး လူတစ်ဦး မိုးကြိုးပစ်၍
သေဆုံးနေကြောင်း ချပ်သင်း ရဲစခန်းမှ သတင်း ရရှိသဖြင့် စခန်းမှူး ဒုတိယ
ရဲအုပ်သီဟ နှင့်အဖွဲ့ သွားရောက် စစ်ဆေးခဲ့ရာ မိုးကြိုးပစ်၍ သေဆုံးနေသူ သည်
ပုဏ္ဏားကြီးကျေးရွာနေ ကိုမြင့်နိုင် အသက်၃၁ နှစ်ဆိုသူ ဖြစ်ကြောင်း၊
သေဆုံးသူသည် အခင်းဖြစ်အရပ်ရှိ လယ်ကွင်း အတွင်း၌ ကောက်စိုက်သမ ၅ဦး
တို့နှင့်အတူ ကောက်စိုက် နေရာမှ မိုးကြိုး ထိမှန်ခဲ့ပြီး မီးလောင်
ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုနေ့က ကန့်ဘလူမြို့နယ်အတွင်း အဆိုပါ မိုးကြိုးပစ်၍ လူသေဆုံး ခဲ့ရသော
ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ၄၅ မိနစ်ခန့် အကြာတွင် ထပ်မံ၍ လူတစ်ဦး
မိုးကြိုး ပစ်သေဆုံးခဲ့ရ ပြန်သည်ဟု သိရသည်။
Ref & Credit: Myawaddy News
August 30, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment