August 2, 2013

Friday, August 02, 2013

ရန်ကုန်၊ ဩဂုတ် ၁- (၂၇)ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ အ ကြိုဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာ စစ်တုရင်အဖွဲ့ချုပ်မှ ခြောက်နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို ဇူလိုင် ၃၁ ရက် မှ ဩဂုတ် ၈ရက်အထိ နေပြည် တော်တွင်ကျင်းပလျှက်ရှိပြီး အောင် မြင်မှုများရရှိနေကြောင်း သိရသည်။
မြန်မာအသင်းမှ ကစားသမား ၂၃ဦး ပါဝင်ကစားနေပြီး
စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် စုစုပေါင်းကစားသမား ၆၇ ဦး ဝင်ရောက်ယှဉ်ပြိုင်နေသည်။
လက်ရှိတွင် ဇူလိုင်၃၁ရက် ပြိုင်ပွဲမှ အပြည်ပြည်ဆိုင်ရာ ငါး မိနစ်အမြန်ရွှေ့ (ကျားတစ်ဦးချင်း) ပြိုင်ပွဲတွင် ရွှေတံဆိပ်ကို မြန်မာ အသင်းမှ ကျော်လင်းနှင့် ဇော်ဦး တို့ရရှိခဲ့ပြီး တတိယကို ထိုင်းအသင်း နှင့် (မြန်မာ)ဝင်းထွန်းတို့မှ ပူးတွဲ ရရှိခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ၂၅မိနစ် အမြန်ရွှေ့ (ကျားတစ်ဦး ချင်း)တွင် ထိုင်းအသင်းမှရွှေတံ ဆိပ်၊ (မြန်မာ)ကျော်ဇောဟိန်း ငွေ တံဆိပ်နှင့် လာအိုအသင်းမှ ကြေး တံဆိပ်ရရှိသည်။
ဆက်လက်ပြီး အပြည်ပြည် ဆိုင်ရာ (မတစ်ဦးချင်း)အမြန်ရွှေ့ ပြိုင်ပွဲတွင် မြန်မာအသင်းက မေစု လွင်မှ ရွှေတံဆိပ်နှင့် သက်လွင်မှ ငွေတံဆိပ်ရခဲ့ပြီး ကြေးတံဆိပ်ကို မလေးရှားအသင်းမှဆွတ်ခူး ခဲ့ သည်။ မြန်မာ့ရိုးရာအမြန်ရွှေ့ (မတစ်ဦးချင်း) ပြိုင်ပွဲတွင်လည်း ရွှေကို မြန်မာအသင်းမှစုစုလှိုင်၊ ငွေတံဆိပ်ကို မလေးရှားအသင်း နှင့် ကြေးဆုကိုမြန်မာအသင်းမှ မေစုသွယ်မှ ရရှိခဲ့သည်။
မြန်မာ့ရိုးရာ အမြန်ရွှေ့ (ကျားတစ်ဦးချင်း) ပြိုင်ပွဲတွင် မြန်မာအသင်းမှ ရွှေတံဆိပ်နှင့် ထိုင်းအသင်းမှ ငွေတံဆိပ်နဲ့ကြေး တံဆိပ်ရရှိခဲ့သည်။ စစ်တုရင်အ ဖွဲ့ချုပ်က အတွင်းရေးမှူးဦးမျိုး ဇော်မင်းက ”အခုချိန်မှာတော့ မြန်မာအသင်းက ဆုတော်တော် များများ ဆွတ်ခူးထားနိုင်တယ်။သူတို့ရဲ့ ကြိုးစားမှုရလဒ်ပေါ့။ ဆက် လက်ပြီး အောင်မြင်မယ်လို့ ယုံ ကြည်ထားတယ်”ဟုပြောသည်။

Credit: လွင်လွင်ထွေး Yangon Media Group

0 comments:

Post a Comment