August 9, 2013

Friday, August 09, 2013
Dell ကော်ပိုရေးရှင်းမှ ယခုနှစ်၏ နာမည်အကြီးဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်သည့်
Pacific Rim ဖြင့် ပထမဦးဆုံး Consumer Relation Management (CRM) Campaign
 ကို ရန်ကုန်မြို့ရှိ Junction Mawtin တွင် စတင်ပြုလုပ်သည်။အဆိုပါ Campaign အတွက် Pacific Rim  ဇာတ်ကားကို ကြည့်ရှုရန်
စာနယ်ဇင်းများ၊ Dell အထူးအခွင့်အရေးကတ် ကိုင်ဆောင်ထားသူများ၊
အရောင်းကိုယ်စားလှယ်ကြီးများနှင့် အရောင်းအဖွဲ့ များကို ဖိတ်ကြားခဲ့သည်။
Dell အင်ဒိုချိုင်းနား၏ Senior Channel Sales Manager, Ms. Sadanan
Yodpradoo က “မြန်မာနိုင်ငံမှာ Dell Consumer Business ရဲ့ အရောင်း
တိုးတက်လာတာနဲ့ အညီ ကျွန်မတို့ရဲ့ အမှတ်တံဆိပ်ကို စွဲမြဲနေဖို့အတွက် (Dell
အထူးအခွင့် အရေးကတ်) ကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ ဒီကတ်ဟာ မြန်မာနိုင်ငံ
Dell Consumer ပစ္စည်းများ တရားဝင် ဖြန့်ချိရထားတဲ့ သူတွေဆီ ကနေ
ဝယ်ယူအားပေးထားတဲ့ Dell Consumer ပစ္စည်းသုံးစွဲသူ တွေအတွက် ဖြစ်ပါတယ်။
ဒီကတ်ကို နာမည်ကြီး ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့
မြန်မာနိုင်ငံမှာရှိတဲ့ တခြား ဝန်ဆောင်မှု လုပ်ငန်းတွေမှာလည်း Discount
ကတ်အနေနဲ့ သုံးစွဲလို့ရပါတယ်။ တကယ်လို့ သင့်အနေနဲ့ သတင်းအချက်အလက်နဲ့
ပတ်သက်ပြီး အကူအညီ လိုတယ်ဆိုရင်တော့ Dell Consumer ပစ္စည်းများ တရားဝင်
ဖြန့်ချိခွင့် ရထားတဲ့ KMD နဲ့ Myanmar Dragon Power၊ တရားဝင်အရောင်း
ကိုယ်စားလှယ် တွေဖြစ်တဲ့ Citicom, ICE, INNWA, Technoland, Unique အစရှိတဲ့
 နေရာတွေကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Credit: Internet Journal

0 comments:

Post a Comment