August 18, 2013

Sunday, August 18, 2013

မြန်မာနိုင်ငံ တိုက်ကွန်ဒို အဖွဲ့ချုပ်မှ စီစဉ်တဲ့ ကိုရီးယား ပညာရှင်များရဲ့ တိုက်ကွမ်ဒို စွမ်းရည် ပြပွဲနဲ့ K Pop ဖျော်ဖြေပွဲကို လာမယ့် သြဂုတ်လ ၁၀ ရက်နေ့
သိမ်ဖြူ အားကစား ခန်းမမှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့က Central Hotel မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အခုလို ဖျော်ဖြေပွဲ ပြုလုပ် သွားမယ့် သြဂုတ်လ ၁၀ ရက်နေ့ မှာတော့ နေ့လည် ၁၁ နာရီမှ ၁၂ နာရီ အထိကို ပြည်သူတွေကို အခမဲ့ ဖျော်ဖြေပြသ သွားမှာဖြစ်ပြီး ည ၇ နာရီမှ ည ၉ နာရီ အထိ ကတော့ သက်ဆိုင်ရာ ဌာနများနဲ့ ဖိတ်ကြား ထားတဲ့ ဧည့်သည်တော် များကိုသာ ပြသ ဖျော်ဖြေ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ကျင်းပပြုလုပ် သွားမယ့် တိုက်ကွမ်ဒို စွမ်းရည်ပြပွဲနဲ့ K Pop ပြပွဲ၊ ဖျော်ဖြေပွဲ မှာတော့ တိုက်ကွန်ဒို သရုပ်ပြကွက်များ အနေနဲ့ ကတော့ ပွန်စေ ကိုရီးယား ပြကွက်၊ အလှထိုး သတ်ခြင်း၊ တိုက်ကွန်ဒို အကများနဲ့ တိုက်ကွန်ဒို စွမ်းရည်ပြသ သွားမှာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲမှာတော့ K Pop သရုပ်ပြကွက်များ၊ ကိုရီးယား ရိုးရာသီချင်း၊ ကိုရီးယား ရှေးဟောင်း တေးဂီတ၊ Korea ခေတ်ပေါ် တေးဂီတ စတာတွေကို ဖျော်ဖြေ တင်ဆက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

mrtv-4

0 comments:

Post a Comment