August 18, 2013

Sunday, August 18, 2013
ပြည်တွင်းမှာ ဆက်သွယ်ရေး လုပ်ကိုင်ခွင့် တင်ဒါ ရရှိခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Telenor အနေနဲ့ မိုဘိုင်းဖုန်း ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Huawei ၊ Erisson
အစရှိတဲ့ ကုမ္ပဏီ ၂ ခုနဲ့ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကုမ္ပဏီ ၂ ခုဟာ ပြည်ပ ဈေးကွက်တွေမှာ အောင်မြင် နေရုံ မကဘဲ ပြည်တွင်းမှာပါ အသုံးပြုမှု အများဆုံး ရှိနေတဲ့ မိုဘိုင်းဖုန်းများ ဖြစ်တဲ့အပြင် အဲ့ဒီ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ မိုဘိုင်းဖုန်း များဟာ လိုင်းဆွဲအား ကောင်းမွန်မှုပါ ရှိနေတဲ့ အတွက် ရွေးချယ် ခဲ့တာ ဖြစ်တယ်လို့ Telenor Myanmar မှ CEO ရဲ့ ပြောပြချက် အရ သိရပါတယ်။
 
အခုလို ရွေးချယ် ထားတဲ့ မိုဘိုင်း ကုမ္ပဏီတွေနဲ့ လုပ်ငန်းပိုင်း ဆိုင်ရာများ ဆွေးနွေး လျက်ရှိတာ ဖြစ်ပြီး Telenor အနေနဲ့ Network System 2G, 3G ပါ ရရှိနိုင်အောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
mrtv-4

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.