September 13, 2013

Friday, September 13, 2013
 
 
အသက် ၅၉နှစ်အရွယ်ရှိ ဘူဂေးရီးယားအမျိုးသားတစ်ဦး သည် အကျယ် နှစ်ကီလိုမီတာ (၁ဒသမ၂၅မိုင်)ရှိသော ရေကန် အား အိတ်တစ်လုံးထဲ၌အလုံပိတ် ချည်နှောင်ကာ Guinness ကမ္ဘာ့ စံချိန်စာအုပ်၌ မှတ်တမ်းဝင်ရန် ဖြတ်ကူးခဲ့ကြောင်း သိရသည်။

ရေစိမ့်ဝင်သည့်အိတ်ဖြင့် သူ၏ခန္ဓာကိုယ်နှင့် ခြေလက်များ ကိုပါထည့်၍ ချည်နှောင်ထားခဲ့ သည်။ ဂျိန်းပက်ကော့ဗ်သည် လင်း ပိုင်တစ်ကောင်ပမာ ၎င်း၏ကျော ဖြင့် ရေကူးသွားခဲ့သည်။ မက်စီ ဒိုနီးယားတောင်ပိုင်းရှိ အိုရစ် (Ohrid)ရေကန်ကို ဖြတ်ကူးခဲ့ခြင်း ဖြစ်ကြောင်း၊ ဤရေအိုင်ဖြတ်ကူး ခြင်းကို စည်းရုံးခဲ့သူတစ်ဦးဖြစ် သော ဆာဆိုတိုကော့ဗ်က AFP ပြော ခဲ့သည်။

ဖြတ်ကူးချိန်မှာ နှစ်နာရီနှင့် ၅၅မိနစ်ကြာခဲ့ကြောင်း၊ ပျမ်းမျှ ရေကူးနှုန်းမှာ တစ်နာရီလျှင် သုည ဒသမရကီလိုမီတာနှုန်းဖြစ်ကြောင်း တိုကော့ဗ်က AFP ကိုပြောပြခဲ့ သည်။ ဤရေကူးသောနေရာသို့ Guinness ကမ္ဘာ့စံချိန်စာအုပ်မှ ကိုယ်စားလှယ်တစ်ဦးမှ မတက် ရောက်ခဲ့ဟုဆိုသည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် သမားရိုးကျ မဟုတ်သော ကိစ္စရပ်အတွက် စံချိန်ချိုးရန်လုပ်ဆောင်မှုတွင် လို အပ်သူများကို အားလုံးတွေ့ဆုံပြီး ဖြစ်သည်ဟု စည်းရုံးလှုံ့ဆော်သူ များကဆိုသည်။

Ref-AFP ၊ စကိုပ်ဂျေ ၊ စက်တင်ဘာ ၁၂
Yangon Media Group

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.