September 1, 2013

Sunday, September 01, 2013

ကိုရီးယားမင်းသမီး Park Han-Byul က မကြာသေးမီက ထွက်ရှိထားသော သူမနှင့် သူမ၏ချစ်သူ ကေပေါ့စတား Se7en တို့ လမ်းခွဲလိုက်ပြီး လက်ရှိ ဘေ့စ်ဘော အားကစားသမား Ryu Hyun Jin နှင့် ချစ်ကြိုက်နေသည် ဟူသော ကောလဟာလကို တရားဝင် ငြင်းဆိုလိုက်ကြောင်း သိရှိရသည်။

Park က သူမနှင့် Se7en တို့အကြား အဆင်မပြေမှု တချို့ ရှိသည်မှန်သော်လည်း လက်တွဲမဖြုတ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။ Park ၏ စီမံခန့်ခွဲမှု အေဂျင်စီကလည်း သူမအနေဖြင့် မကြာမီ ရိုက်ကူးမည့် ရုပ်ရှင်ကားအတွက် လတ်တလော ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။ Se7en သည် ယခုအခါ စစ်မှုထမ်းနေရဆဲ ဖြစ်ပြီး မကြာသေးမီက ခွင့်ပြုချက် မရရှိဘဲ အပြင်ထွက်ခဲ့သည့်အတွက် စစ်တပ်က ထောင်ဒဏ် (၁၀) ရက် ချမှတ်ခြင်း ခံခဲ့ရသည်။

Source: CNA
by MRTV-4

0 comments:

Post a Comment