September 1, 2013

Sunday, September 01, 2013

အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် ဒါရိုက်တာ Lee Daniel ရိုက်ကူးခဲ့သော အမေရိကန် နိုင်ငံသူ နိုင်ငံသားတို့၏ အခွင့်အရေးများကို ထင်ဟပ်စေသည့် ဇာတ်ကား The Butler အား ကြည့်ရှု ခံစားပြီးနောက် မျက်ရည်ကျမတတ် ခံစားခဲ့ရကြောင်း သိရှိရသည်။ Forest Whitaker နှင့် Oprah Winfrey တို့ ပါဝင် သရုပ်ဆောင်ခဲ့သည့် အဆိုပါ ဇာတ်ကားသည် North American Box Office တွင် ထိပ်တန်းနေရာ၌ သီတင်းပတ် နှစ်ပတ်တိုင် ရပ်တည်နိုင်ခဲ့သည်။

သမ္မတ အိမ်ဖြူတော်တွင် တာဝန် ထမ်းဆောင်နေရသော အစေခံ ၀န်ထမ်းများ အတွက် ၄င်းတို့၏ မျိုးရိုး စဉ်ဆက်တို့ အပါအ၀င် ကိုယ်စီကိုယ်ငှ သက်ဆိုင်ရာ အရည်အချင်း အမျိုးမျိုး ပိုင်ဆိုင်ကြသည် မှန်သော်လည်း လူမျိုးရေး ခွဲခြားမှုများကြောင့် ဘ၀တက်လမ်း မရှိခဲ့ပုံများ ၊ မည်မျှပင် ရိုးသား ကြိုးစားကာ တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နေကြသော်လည်း ရလာဒ်ကောင်း မရရှိခဲ့ပုံများအား ကြည့်ရှုခဲ့ရသဖြင့် အမေရိကန် ပြည်ထောင်စုအတွက် ပထမဦးဆုံးသော လူမဲသမ္မတ အိုဘားမား အနေဖြင့် လွန်စွာ စိတ်မကောင်း ဖြစ်ခဲ့ရကာ မျက်ရည်ကျခဲ့ရကြောင်း ၊ လူမျိုးရေး ခွဲခြားမှုအား အထူးပင် လှုံ့ဆော် အားပေးခဲ့သည့် Jim Crow ၏ စည်းမျဉ်း ဥပဒေများသည် ၁၈၇၀ ပြည့်နှစ်များမှသည် ၁၉၆၀ ပြည့်နှစ်များ အထိ လှုပ်ရှား သက်ဝင်ခဲ့ပြီး နိုင်ငံတွင်း နေထိုင်ခဲ့ရသည့် လူမဲများ အနေဖြင့် စားဝတ်နေရေးနှင့် လူမှုကဏ္ဍ အသီးသီးတို့၌ များစွာ ဖိနှိပ်ချုပ်ခြယ် ခံခဲ့ရကြောင်း သမ္မတ အိုဘားမားက ရေဒီယို အင်တာဗျူး တစ်ခုတွင် ဖွင့်ဟ ပြောဆိုခဲ့သည်။  အဆိုပါ ဇာတ်ကားသည် သမ္မတ အိမ်ဖြူတော်၌ အစေခံ အမှုထမ်းအဖြစ် (၃၄) နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သည့် Eugene Allen ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းအား အခြေခံ ကျောရိုးယူကာ ရိုက်ကူးထားခြင်း ဖြစ်ကြောင်း ၊ မင်းသား Whitaker က အဓိက Eugene Allen နေရာတွင် သရုပ်ဆောင်ခဲ့ပြီး မင်းသမီးကြီး Winfrey ကမူ အိုဘားမား၏ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေး စည်းရုံး မဲဆွယ်မှုများတွင် ကူညီထောက်ပံ့မှုပေးနေသူ အဖြစ် သရုပ်ဆောင်ထားကြောင်း သိရှိရသည်။

Source : AFP
by MRTV-4

0 comments:

Post a Comment