July 25, 2013

Thursday, July 25, 2013
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီဖြစ်ကြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့က မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာကျင်းပတဲ့

သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဦးအောင်မင်းက အခုလို ပြောသွားတာပါ။
ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်တဲ့ အဓိကကျတဲ့ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

Credit: rfa.org

0 comments:

Post a Comment