July 25, 2013

Thursday, July 25, 2013
တောင်ကိုရီးယား နာမည်ကျော် Hip Hop ဂီတအဆိုတော် PSY တစ်ယောက် အမေရိကန်တွင် မြင်းရုပ်ကြီး တစ်ရုပ်ဖြင့် အလုပ် ရှုပ်နေခဲ့ကြောင်း သိရသည်။ တနင်္လာနေ့က လော့စ်အန်ဂျလိစ်မြို့တွင် PSY သည် အဖြူရောင် မြင်းရုပ်ကြီးပေါ် တက်ထိုင်ကာ ကြော်ငြာတစ်ခုအတွက် ရိုက်ကူးနေခြင်း ဖြစ်သည်။ ၎င်း၏ နာမည်ကျော် Gangnam Style သီချင်းတွင် မြင်းစီးသည့်ပုံစံ ကကွက်ကြောင့် လူသိထင်ရှား ဖြစ်လာသော PSY သည် ကိုရီးယား စားသောက်ဆိုင် လုပ်ငန်းစု တစ်ခုဖြစ်သော Bibigo အတွက် စီးပွားရေး ကြော်ငြာ ရိုက်ကူးနေခဲ့ခြင်း ဖြစ်သည်။ သတင်းများက ကကွက်တွင် မြင်းစီးသည့်ပုံ ဖန်တီးခဲ့သည့် PSY အနေဖြင့် အမှန်တကယ် မြင်းစီးနေရကြောင်း ဖော်ပြခဲ့သည်။

Credit: ရတနာပုံ

0 comments:

Post a Comment