August 14, 2013

Wednesday, August 14, 2013

ဆိုးလ်၊ သြဂုတ် ၁၂
ကိုရီးယား နိုင်ငံတွင်းမှာ သာမက ပြည်ပ နိုင်ငံများမှာပါ အောင်မြင်မှုတွေ ရရှိနေတဲ့ Big Bang အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆန်းရီဟာ မကြာခင်မှာ ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်တော့မယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

Let's Talk About Love လို့ အမည်ရတဲ့ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ်မှာ သီချင်း ခြောက်ပုဒ် ပါဝင်မှာဖြစ်ပြီး အထူးလက်ဆောင် သီချင်း တစ်ပုဒ်လည်း ပါဝင်မယ်လို့ ဆန်းရီက သူ့ကိုယ်ပိုင် အင်တာနက် စာမျက်နှာကနေ တစ်ဆင့် သြဂုတ်လ ၁၂ ရက်နေ့ မှာ ပရိသတ်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

Let's Talk About Love အယ်လ်ဘမ်မှာ ပါဝင်မယ့် သီချင်း အများစုရဲ့ သီချင်းစာသားတွေကို ဆန်းရီ ကိုယ်တိုင် ရေးသားထားပြီး သံစဉ်ပိုင်းမှာ လည်း ဆန်းရီရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပါတယ်လို့ YG Entertainment က ထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။

အယ်လ်ဘမ် နာမည်အဖြစ် သုံးထားတဲ့ Let's Talk About Love သီချင်း ကိုတော့ အခြား Big Bang အဖွဲ့သား နှစ်ဦးဖြစ်တဲ့ G Dragon နဲ့ တေးယောင်တို့ရဲ့ အကူအညီနဲ့ ရေးသားထားတယ်လို့ ဆန်းရီက ပြော ကြားထားပါတယ်။

ဆန်းရီရဲ့ Let's Talk About Love အယ်လ်ဘမ်ကို သြဂုတ်လ ၂၁ ရက်နေ့ မှာ စတင် ဖြန့်ချိမယ်လို့ YG Entertainment က ကြေညာထားပါတယ်။

ဆန်းရီဟာ သူ့ရဲ့ ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ V.I.I.P ကို ၂၀၁၁ ခုနှစ်တုန်းက ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly

0 comments:

Post a Comment